part 21

5.4K 347 16
                                    

ရိပေါ် တစ်ယောက် အိပ်ယာပေါ်၌ ငုတ်တုတ်လေး
ရှောင်းကျန့် ပြန်အလာကို မျှော်နေရလေသည်။

*(ပါးနဲ့မားကို လိမ်ပြောဖို့ကသူ့တာဝန်..
ရိပေါ်ကတော့ မလိမ်နိုင်ပေါင်.... ဒီလို့ဖြစ်အောင် သူလုပ်ထားတာလေ အဲ့ကောကောကြီးဘဲ လိမ်ရမှာပေါ့... ခုတော့ တစ်ယောက်တည်း ဒုက္ခ တွင်းထဲ ပစ်ထားပြီး ဆေးရုံမှာသာယာနေတာနေမှာ ဟင့် မသိဘူး စိတ်ဆိုးတယ်.. မသိဘူး ရည်မှန်းချက်တွေ ရေစုန်မြောပါပြီးတည်းက အရင်က သဘောထားကြီးတဲ့ ဝမ်ရိပေါ်..ပျောက်သွားပြီ
ဆိုးမှာဘဲ....ဟွန့်..)*

ရိပေါ် အိပ်ယာပေါ်ဝယ်.. မျက်နှာစူပုတ်လိုက်
မဲ့ပြုံးပြုံးလိုက်နှင့် အတွေးပေါင်းစုံထဲ သံသရာလည်နေသည်ကို တံခါးအပြင်မှ ချောင်းကြည့်နေသော.. ပါးနှင့်မားကတော့

*တွေ့လား... ရှင့်သားတစ်ခုခုတော့ တစ်ခုခုဘဲ...*

*အဲ့တာ..စာတွေအရမ်းကျက်ရလို့နေမှာ....အဲ့တာကြောင့်ပြောတာ ကလေးကိုဖိအားသိပ်မပေးပါနဲ့လို့*

*ဘာဘဲဖြစ်ဖြစ်...သားကြီး(xiao zhan)နဲ့ တိုင်ပင်ရမယ်...ဒါကမကောင်းဘူးနော်...*

*အေး...လာလာ..သွားရအောင်...*

ဝမ်ပါးမားတို့ကတော့ ရိပေါ်အတွက် ရှောင်းကျန့်နှင့် တိုင်ပင်ရန်သာ တွေးလိုက်ကြလေသည်။
အကယ်၍ သူတို့သား ဤသို့ဖြစ်အောင် သူတို့ယုံကြည်နေပါသော သားကြီး လုပ်ခဲ့တယ်..ဆိုတာသိခဲ့ရင်...😂😂😂

-
-
-
At Shanghai hospital

*ဆရာ!!...*

*ဟမ်..အော...အင်း...လာပါ..ထိုင်..(ဟာ..ကောင်းခန်းရောက်မှလာဖျက်တယ်... လူနာတွေများ အလိုက်ကမ်းဆိုးကိုမသိဘူး...)*

ရှောင်းကျန့် အတွေးထဲ ရိပေါ်လေးနဲ့သာယာနေစဉ်
ရောက်လာသော လူနာကြောင့် လူနာကို ပိုးစိုးပက်စပ်တွေ မေတ္တာပို့နေမိသည်။
ကြည့်ထားကြပါ အဲ့တာ ကြီးပွားတိုးတက်မယ့် ဆရာဝန်တွေရဲ့ အမူအရာများပါ....😊☺

ထိုလူနာက ဝင်ထိုင်လိုက်ပြီးနောက်....

*ဆရာ...ကျနော်က.. Tnml cosmetic brand company ပိုင်ရှင် လီချောင်ပင်း ပါ...*

*သြော်..ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်..
(လာကြွာနေသေး ငါစိတ်မရှည်ဘူးနော်... တစ်ခါတည်း ဆေးထိုးသတ်လိုက်ရရင် မကောင်း ရှိတော့မယ်...😒)*

My little thing(Completed)Wo Geschichten leben. Entdecke jetzt