part 18

6K 374 36
                                    

Zaw

ငှက်ကလေးများရဲ့ ကျီကျီကျာကျာ အော်မြည်သံများကြားတော့ ရိပေါ် အိပ်ပျော်နေရာမှ နိုးလာခဲ့သည်။
မျက်လုံးဖွင့်ဖွင့်ချင်း တွေ့လိုက်ရသည်က ကောရဲ့
ရင်ခွယ်ကျယ်ကြီး...
ရိပေါ်ပြုံးမိလိုက်သည်...တစ်ချိန်က ဒီရင်ခွင်ကြီးထဲ
ခုလိုနေခွင့်ရဖို့ တွေးရုံဘဲတွေးခဲ့ရသည်မဟုတ်ပါလော...
ယခုတော့ ဒီရင်ခွင်ကြီးကို သူအပိုင်ရနေပြီလေ
ရိပေါ်အပြုံးအကြီးကြီးပြုံးကာ ရင်ခွင်ထဲပိုပိုတိုးလိုက်သည်... နွေးထွေးတဲ့ကောရင်ခွင်ထဲနေရတဲ့ဤအချိန်လေးကို သူဘာနဲ့မှလဲနိုင်မှာမဟုတ်ပါဘူး....

ရှောင်းကျန့် သူ၏ရင်ခွင်ထဲသို့ခွေးပေါက်လေးသူ့အမေ ရင်ခွင်ထဲအတင်းတိုးနေသလို လုံးတုံးတုံးလေးနှင့်
တိုးဝင်နေသောကလေးပေါက်စလေးအား ပြုံးပြီး
ကြည့်နေမိသည်...အဲ အမေလိုတော့ သူမနေနိုင်ပါဘူးနော်😂😂 ... ကလေးက အင်းဟိုအဲ အင်းပေါ့ တစ်ခုခုလိုတော့ ဖြစ်မှာပါ😂
ရှောင်းကျန့် သူကြည့်နေတာကို မသိဘဲ အပြုံးတွေလွန်နေသောပေါက်စလေးအား
အလွန်အသဲယားမိသည်... ဤမုန်လာဥပေါက်ကို
တစ်ခုခုလုပ်လိုက်ရင်လဲ ဟင်းဟင်း မနေ့ညကလို
မေ့လဲနေမှဖြင့်.... တကယ်ပါဤကလေးပေါက်စ သည် သူ့အတွက် ခွေးပေါက်လေးလိုဘဲ... အလွန်ချစ်ဖို့ကောင်းလှသည်....
သူလည်း ဤအချိန်လေးကို ရပ်ထားချင်မိပေမယ့်
ဆေးရုံကို သွားရဦးမည်ဖြစ်သလို သူ့ခွေးပေါက်လေး ကလည်းကျောင်းသွားရဦးမည်
ဖြစ်သောကြောင့်...

* ခွေးပေါက်လေး...ထတော့... *

*ဟင်.. ကောကော နိုးနေတာလား...*

ရှောင်းကျန့် မနိုးသေးဘူးထင်၍ ရင်ခွင်ထဲ အတင်းတိုးဝင်နေပြီးမှ သူခိုးလူမိသလို မျက်နှာလေးရဲကာ ရှက်နေသော ဤခွေးပေါက်စလေးအား သူဘယ်လိုလုပ်ရမလဲပင်မသိတော့
အသဲယားလွန်းလို့ ငုံပါငုံထားလိုက်ချင်သည်။

ရိပေါ်မှာလည်း....

*(အားယား...ငါကဘာလို့ရှက်နေတာလဲ ငါကရှက်ဖို့မှမလိုတာ...ရှက်တာ အထက်အရာရှိတွေမလုပ်ဖူး...ဘာလဲမနေ့ညက ကိစ္စအကြောင်းလာပြောကြမလို့လား အဲ့တာက ကောကောပြောသလို ပထမဆုံး နေ့မို့ ကောကိုအလျှော့ပေးထားတာ... ရှင်းလား...
ငါကခြင်္သေ့ ကောကောက ယုန်ပေါက် စားမယ့်သူ
ကငါဘဲ ရှင်းတယ်နော်...မရှင်းရင်ပြန်ဖတ်...😎😎)*

My little thing(Completed)Место, где живут истории. Откройте их для себя