part 25

10K 408 49
                                    

* မားမား....*

*မား...*

ရှောင်းကျန့် နှင့်ရိပေါ်တို့ နှစ်ဦးသား လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကြရင်း နှစ်မိသားစုလုံး ထိုင်နေရာ ဧည့်ခန်းသို့ အတူတကွ ဝင်လာကြလေသည်...

သူတို့နှစ်ဦးလုံး မိဘများကို စုံစုံလင်လင် တွေ့ရန် ချိန်းထားကြခြင်းဖြစ်သည်။

လူကြီးတွေအရှေ့ရောက်တော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း
လူကြီးတွေနှင့် မျက်နှာချင်းဆိုင် ခုံတွင် ဝင်ထိုင်လိုက်ကြသည်။

*မား...ဒေါ်လေး...*

လူကြီး တွေအားလုံးကလည်း သူတို့စကားကို အလွန် စိတ်ဝင်စားနေသည့် ဘာမှမပြောသေးဘဲ
သူတို့ နှစ်ဦးကိုသာ စေ့စေ့ကြည့်နေကြသည်။

*သားတို့ကိုလက်ထပ်ခွင့်ပြုပါ....*

*မားမား သားသား တောင်းပန်ပါတယ်... စိတ်မဆိုးကြပါနဲ့ ခွင့်ပြုပေးပါနော်...နော်...*

မိဘများကဖြင့် ဘာမှမပြောရသေး သူ့ကလေးလေးက ကြောက်လန့်တကြား တောင်းပန်နေကာ တောင်းဆိုနေသည်ကို ကြည့်ရင်း ရှောင်းကျန့် အူယားမိပြန်...
တကယ်ကြောက်တက်လိုက်တာ...
အဲ့လို့ အပြစ်ကင်းနေတာလေးတွေကိုက ပိုပို ချစ်နေရတာ....

*အင်း... ဖြစ်လာမယ်ဆိုတာ ကြိုစဉ်းစား ထားပြီးသားပါ... ဟုတ်တယ်နော် မမ*

ဝမ်မားမားက ရှောင်းမားမားကို ကြည့်ရင်းမေးလိုက်ပြီး ရှောင်းမားမားက ပါ ခေါင်းညိမ့်ထောက်ခံသည်...

*အင်း... ငါတို့တွေးခဲ့တာ မှန်တာပေါ့... အေးပေါ့လေ သူတို့လေးတွေ ခေတ်ဆိုတော့ လည်းသူတို့ ခေတ်ဘဲပေါ့.... *

*အင်းလေ ဒီလိုဆိုတော့လည်း အဆင်ပြေသွားတာပါဘဲ... ကျွန်မတို့လည်း အမျိုးအရင်းတွေ ဖြစ်သွားတာပေါ့ မကောင်းဘူးလား....*

*ဟား..ဟား ကောင်းတာပေါ့...အမျိုးအရင်းတွေ ဖြစ်ကြပြီပေါ့....*

သူတို့တွေဘာသာ စကားပြောပြီး သူတို့ဘာသာ ရယ်နေကြသော လူကြီးတွေကို ကြောင်တောင်တောင်လေးတွေနှင့် ကြည့်နေကြသောသူတွေကတော့ ရှောင်းကျန့်နှင့် ရိပေါ်ပင်။ လူကြီးတွေ ဘာတွေပြောနေလည်း သူတို့နားမလည်တော့ သူတို့ပြောပုံအရဆို ကြိုသိနေကြတာများလား.... သိနေတာများကြာ သွားပြီလား... ရိပေါ်ဝေခွဲမရဖြစ်နေလေသည်။

My little thing(Completed)Onde histórias criam vida. Descubra agora