Xiao zhan တစ်ယောက် ရှင်းချန်စကားကြောင့်
Yibo အား သိပ်အရောတဝင်မနေတော့ဘဲရှောင်
နေမိသည်မှာ...1ပတ်ပင်ရှိပြီ.....
စိတ်မကောင်းသော်လည်း သူတို့ဟာ..ထိုလိုလူမျိုးတွေမဟုတ်ဘဲ.... သာမန် ညီအင်ကိုတွေ သာဖြစ်ကြောင်း သူသက်သေပြချင်သည်......
ဘာအကြောင်းရယ်လို့မှမဟုတ် သူ ဤ ကိစ္စ မျိုးကိုစိတ်ထဲ လက်မခံချင်.....
ဒါမျိုးဟာ သဘာဝတရားကြီးကိုဆန့်ကျင်တာဘဲမလား.....*ဟူး.....*
Xiao zhan သက်ပျင်းသာချရင်း အလုပ်များကိုဆက်လုပ်နေမိသည်....
ဤနေ့ညလည်း အိမ်ပြန် နောက်ကျရမလားဘဲ....
Yibo အိပ်လောက်တော့မှပြန်မည်ဟု သူတွေးထားသည်.... ထိုကလေးတွင် အပြစ်မရှိသော်လည်း... သူ သက်သေပြရမည်မဟုတ်ပါလော......*ဟေ့....ကျန့်ကျန့်...*
ရုတ်တရက်လာခေါ်သော အသံကြောင့် xiao zhan
လန့်သွားကာ....ရင်ကိုအသာဖိရင်း လာခေါ်သော yubin. အား ပယ်ပယ်နယ်နယ်...စိတ်ထဲမှဆဲမိသည်....
သူ့ကြောင့် နှလုံးအထူးကုဆရာဝန် နှလုံးရောဂါ ရတော့မလို့.......*ဘာလဲ.....အော်ကြီးဟစ်ကျယ်နဲ့ သူများ ရုံးခန်းထဲ လာဆူပူနေတယ်.....*
*ဘာအော်ကြီးဟစ်ကျယ်လဲ...ငါခေါ်နေတာ ကြာလှပြီ ကိုယ့်ဘာသာ အတွေးလွန်နေပြီး.....ကဲထားပါ...ပြောစမ်းပါဦး...
တစ်ယောက်တည်း.... ဘာတွေအတွေးလွန်းနေတာလဲ အော်ခေါ်နေတာတောင်မကြားရအောင်...**ဟို...စက် ကိစ္စ ပါ... မင်းတို့ဟာက ခုထိမရသေးဘူးလား..ကြာလှနေပြီ...*
*ဟေ့ရောင် စကားလမ်းမလွှဲနဲ့ မှန်မှန်ဖြေ....*
*ရော် အဲ့ ကိစ္စ ပါဆို....ကဲကဲ ပစ္စည်း ကိစ္စ ဘဲဆက်ပြောမယ်..ဘယ်တော့ရမှာလဲ....*
*ခဏစောင့်ပါကွာ....ရတော့မှာ....စမ်းသပ်တဲ့အဆင့်ရောက်တော့မယ်....*
*မင်းဟာက ကြာလွန်းလို့ ငါ့လူနာတွေတောင် နောက်ဘဝရောက်ပြီး ကလေးမွေးနေလောက်ပြီ မင်းဟာကမရောက်နိုင်သေးဘူး...*
*မင်းကလည်း....စိတ်ရှည်မှပေါ့ ပစ္စည်း ကောင်းလိုချင်ရင်....😆😁*
*ဟွန်း ဆင်ခြေ ဆင်လက်တွေ.....*
*ဟီး....ကဲကဲ လာရင်း ကိစ္စ တောင်မေ့တော့မလို့..
ငါ တို့ ရှင်းချန်ရဲ့ လက်ထပ်ပွဲကိုတူတူ သွားမယ်မလား....*
YOU ARE READING
My little thing(Completed)
FanfictionI am always be with you yibo, when you cry I wanna cry too, so please don't cry my love.... Edit-မရင့်ကျက်သေးချိန်က ကျပ်မပြည့်စွာ emoji တစ်သိန်းနဲ့ ရေးခဲ့သောစာများဖြစ်တာကြောင့် ဖတ်ရအဆင်မပြေတာမျိုးရှိလည်း ကျော်သာသွားကြပါလို့အရှက်ကွဲမှုပေါင်း...