လူတွေ ဆိုင်တန်းတွေနဲ့ ရှုပ်ယှက်ခပ်နေတဲ့ ဟုန်းဒယ်ရဲ့ လမ်းမပေါ်မှာ ဝမ်ရိပေါ်က စကိတ်ဘုတ်လေးပိုက်ရင်း လှုပ်တုတ်လှုပ်တုတ် လျှောက်နေတယ်..။ ပျားသွားဖွပ်တော့မလို အပြင်အဆင်နဲ့ ခေါင်းစခြေဆုံး အသားတစ်စက်လေးတောင် မပေါ်နေတဲ့ ဝမ်ရိပေါ်ကို လမ်းသွားလမ်းလာတွေက ကွက်ကြည့်ကွက်ကြည့်..။ ဝမ်ရိပေါ်ကတော့ ခပ်တည်တည်ပါပဲ..။ အသံဆာဆာနဲ့ ဈေးဝယ်သူ ခေါ်နေတဲ့ ဆိုင်တွေ.. လှတပတ ဖန်စီ ပစ္စည်းလေးတွေကို အကျအန ခင်းကျင်းထားတဲ့ ဆိုင်တွေကို ကြည့်ရင်း ဝင်းဒိုး ရှော့ပင် ထွက်နေတယ်..။
တကယ်တော့ ရှော့ပင်း ဘာညာ ဆိုတာကို ဝမ်ရိပေါ်က သိပ်စိတ်ပါလှချည်တော့ မဟုတ်ဘူး..။ ဒါပေမယ့် ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုကြောင့် ကိုရီးယားကို ရောက်လာခဲ့ပြီးမှတော့ ဟိုနားဒီနားလေး ထွက်လည်ဖို့ coach ကြီးက ခွင့်ပြုသင့်တယ် မထင်ဘူးလား..။ ထရိန်နင် ပြီး ထရိန်နင် လုပ်နေလို့ ဘာအကျိုးရှိမလဲ ပြောကြည့်ကြပါဦး..။ Tracer တစ်ယောက်အတွက် အလေ့အကျင့်နဲ့ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် ဖို့က အရေးကြီးတယ် ဆိုပေမယ့် စိတ် ကျန်းမာရွှင်လန်းဖို့ကလည်း လိုသေးတယ်..။ ဒါကို coach ကြီးက မသိတာလား.. နားမလည်တာလား..။ ရှည်ရှည်ဝေးဝေးတွေ တွေးမနေချင်တဲ့ ဝမ်ရိပေါ်ကတော့ ကိုယ်ပျော်ရွှင်ဖို့ ကိုယ့်ဘာသာပဲ ခိုးထွက်လိုက်တယ်..။ ကျန်တဲ့ ပြဿနာကတော့ မန်နေဂျာ အစ်ကို ကြည့်ရှင်းလိမ့်မယ်လေ..။
ဟိုငေးဒီငေးနဲ့ ဝမ်ရိပေါ် လျှောက်လာတဲ့ အချိန်မှာပဲ စိတ်ဝင်စားစရာ တစ်ခုကို သွားတွေ့တယ်..။ ဆိုင်ကြီးဆိုင်ငယ် အသွယ်သွယ် ပြည့်ကျပ်နေတဲ့ လမ်းရဲ့ ဘေးမှာ ဝမ်ရိပေါ် တွေ့လိုက်ရတာက လှောင်အိမ်ပြာပြာလေးတွေ..။ အငွေ့တထောင်းထောင်းထွက်တဲ့ ရေခဲမုန့်ဆိုင်ရယ်.. ဆိုင်းဘုတ်နီနီ ချိတ်ဆွဲထားတဲ့ ဗေဒင်ဟောခန်းတစ်ခုရယ် ကြားထဲမှာ လှောင်အိမ်ပြာပြာတွေက အစီအရီထပ်ထားတယ်..။ ဝမ်ရိပေါ် အဲဒီ့နားကို စိတ်ဝင်တစား တိုးကပ်သွားလိုက်တယ်..။ ဘာလို့လဲ ဆိုတော့ သူ အဲဒီ့လှောင်အိမ်တွေထဲမှာ လှုပ်လှုပ်ရွရွ တွေ တွေ့လိုက်လို့..။ ဟုတ်တယ်.. အဲဒါက ယုန်တွေ..။
ကိုရီးယားမှာ အိမ်မွေးတိရိစ္ဆာန်တွေကို အဲလို လမ်းဘေးမှာ ချရောင်းလို့ ရတာလား ဆိုတာကို ဝမ်ရိပေါ် စဉ်းစားနေရင်း ယုန်တွေကို ငေးကြည့်နေမိတယ်..။ အမွေးဖြူလွလွ မျက်သားရဲရဲ အကောင်လေးတွေ..၊ နှာခေါင်းနီနီကို ရှုံ့ပွရှုံ့ပွ လုပ်နေတဲ့ အကောင်လေးတွေ.. ပြီးတော့ မျက်လုံး နီနီ အမွှေးအမည်းရောင်နဲ့ အကောင်လေးတောင် ရှိသေးတယ်..။ လှောင်အိမ် အသီးသီးထဲက ယုန်လေးတွေဟာ အနားထိ တဖြည်းဖြည်း ကပ်လာတဲ့ ဝမ်ရိပေါ်ကို မျက်လုံးလက်လက်လေးတွေနဲ့ စိုက်ကြည့်နေကြတယ်..။
YOU ARE READING
Dear Mr.Rabbit
Fanfictionဟိုးရှေးရှေးတုန်းက .. သူ့ရင်ခွင်ထဲ တိုးဝင်လာခဲ့တဲ့ ယုန်လေးတစ်ကောင် ရှိခဲ့တယ်..။ YiZhan Fanfiction By Khant_D