အခန်း - ၁၁

7K 903 19
                                    

စိတ်နောက်ကိုယ်ပါလိုက်မိတဲ့ အနမ်း တစ်ခုရဲ့ အဆုံးမှာ ဝမ်ရိပေါ်ရဲ့ မျက်နှာက ရဲတွတ်လာတယ်..။ ရင်ခုန်သံတွေကလည်း တဒိတ်ဒိတ် ..။ ရင်ဘတ်ထဲက နှလုံးသားဟာ နံရိုးတွေကို ဖြတ်ပြီး ကျွံထွက်လာတော့မလိုပဲ..။ ရှောင်းကျန့် မရှိလို့ မဖြစ်ဘူးဆိုတဲ့ အတွေးရဲ့ နောက်မှာ သူ ရှောင်းကျန့်ကို ရင်ခုန်တယ်ဆိုတာ သေချာသိလိုက်ရပြန်တယ်.. ဟုတ်တယ်.. တကယ်ပဲ မရိုးသားတဲ့စိတ်နဲ့..။ ဒါပေမယ့် သူ ချစ်တယ်လို့ အရင်ပြောသင့်တာမလား.. အခုက .. အဟမ်း.. နည်းနည်း အဆင့်တွေ ကျော်ကုန်တယ်ထင်တယ်..။

ဝမ်ရိပေါ် ရှက်ရှက်နဲ့ လည်ပင်းကို ပွတ်လိုက်၊ ဂုတ်ကို ကုတ်လိုက်လုပ်နေတော့ ရှိရင်းစွဲ အသားဟာ ပိုလို့နီရဲလာတယ်..။ ရှောင်းကျန့်က ဝမ်ရိပေါ် ရင်ခွင်ထဲကနေ ထွက်ဖို့ အခုထိ သတိမရသေးသလိုမျိုး ဝမ်ရိပေါ်ကို ငေးကြည့်နေလေတယ်..။ ဝမ်ရိပေါ် ချောင်းဟန့်တယ်..။ ရှောင်းကျန့် မျက်လုံးကို တည့်တည့် မကြည့်ရဲတဲ့ ဝမ်ရိပေါ်ရဲ့ မျက်ဆံလေးတွေဟာ ဟိုရွေ့ဒီရွေ့..။

" ကျွန်တော်.. ကျန့်ကောကို.. အဟမ်း.. "

ကြိုးစားပြီး ချစ်ရေးဆိုဖို့ လုပ်နေပေမယ့် ကျန့်ကောကို ချစ်တယ် ဆိုတဲ့ စကားက ဝမ်ရိပေါ် နှုတ်ဖျားက ထွက်မလာဘူး..။ အစတုန်းက ရှက်ရဲရဲ ဖြစ်နေတဲ့ ရှောင်းကျန့်မျက်နှာက အခက်တွေ့နေတဲ့ ဝမ်ရိပေါ်ကို ကြည့်ပြီး ပြုံးစိစိဖြစ်လာတယ်..။ ဝမ်ရိပေါ်ဟာ အဘိုးကြီး တစ်ယောက်လို ချောင်းတဟန့်ဟန့် လုပ်ပြန်တယ်..။

" အဟမ်း.. ကျန့်ကော.. ကျန့်ကောကို..  "

" အင်း.. ကောကောလည်း ချစ်တယ်.. "

ရှောင်းကျန့်ဟာ ပြုံးပြုံးလေးနဲ့ ဝမ်ရိပေါ်ကို ဖြတ်ပြောတယ်..။ ဝမ်ရိပေါ်ကတော့ မယုံနိုင်တဲ့ မျက်နှာလေးနဲ့..။ ရှောင်းကျန့် ဟက်ဟက်ပက်ပက် ရယ်တော့တယ်..။

" မချစ်ရင်မှ ထူးဆန်းနေမှာ မဟုတ်ဘူးလား ရိပေါ်လေးရဲ့.. အစတည်းက ကောကောက ရိပေါ်လေးအပိုင်ပဲဟာကို.. "

" မဟုတ်ဘူးလေ.. ကျွန်တော် ချစ်တာက အဲလိုမဟုတ်ဘူး..ဟိုဟာလေ.. "

ရှောင်းကျန့်က တွန့်ဆုတ်နေတဲ့ ရိပေါ်စကားသံကို ဖြတ်ပြီး တိုးတိုး တိုးတိုးပြန်ပြောတယ်..။

Dear Mr.RabbitOù les histoires vivent. Découvrez maintenant