ဟိုးရှေးရှေးတုန်းက တရုတ်ပြည်ရဲ့ လျှို့ဝှက်တဲ့ တောအုပ်လေးတစ်ခုမှာ ယုန်မျိုးနွယ်စု တစ်စု ရှိနေတယ်..။ သူတို့ဟာ ရှေးကျတဲ့ ယုန်မိစ္ဆာအနွယ်ကနေ ဆင်းသက်လာတာဖြစ်ပြီး လူယောင်ဖန်ဆင်းနိုင်ကြတယ်..။ အစွမ်းသိပ်ထက်တဲ့ ယုန်တွေဆိုရင် အလိုရှိရာ အသွင်ကိုပါ ယူနိုင်ကြလေတယ်..။ သူတို့ဟာ ယုန်မိစ္ဆာမျိုးနွယ်စု ဖြစ်တာကြောင့် အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို လူသားတွေဆီက စုတ်ယူကြတယ်..။ သူတို့နေထိုင်ရာ အနီးတစ်ဝိုက်အထိ ရောက်လာတဲ့ လူသားတွေကို သူတို့ဟာ လူယောင်ဖန်ဆင်းပြီး အမျိုးမျိုးသော အကြောင်းတရားတွေနဲ့ မြှူဆွယ်လို့ သူတို့ရဲ့ အသိုက်အမြုံထဲရောက်အောင် ခေါ်ဆောင်လာတယ်..။ ပြီးရင်တော့ အဲဒီ့လူသားရဲ့ အသက်ဇီဝဓါတ်တွေဟာ လုံးဝ ခမ်းခြောက်သွားတဲ့ အထိ စုတ်ယူခံရတော့တာပဲ ဖြစ်တယ်..။
ယုန်မိစ္ဆာမျိုးနွယ်စုဟာ ဒီလိုနဲ့ နှစ်ပေါင်းများစွာ အသက်ရှင်လာကြတယ်..။ ဒါပေမယ့် မျိုးနွယ်စုရဲ့ မင်းသားငယ်ဖြစ်တဲ့ ရှောင်းကျန့်ဟာ ဒီနည်းလမ်းကို လုံးဝ မနှစ်သက်လေဘူး..။ ဒီနည်းလမ်းဟာ မကောင်းတဲ့ နည်းလမ်း ဖြစ်တဲ့အပြင် လူသားတွေ ဆင့်ကဲတိုးတက်လာရင် ရေရှည်မှာ သူတို့မျိုးနွယ်စု အတွက်ပါ အန္တရာယ်ရှိနိုင်တယ် ဆိုတာ ရှောင်းကျန့်က နားလည်တယ်..။ ဒီနည်းလမ်းကို မသုံးဘဲ သူတို့ဘယ်လို အသက်ရှင်နိုင်မလဲ ဆိုတာကို ရှောင်းကျန့်က ရှာဖွေနေတုန်းမှာပဲ ယုန်မိစ္ဆာမျိုးနွယ်စုတွေဟာ ရှောင်းကျန့်ကို အလိုမရှိကြတော့တာ ဖြစ်တယ်..။
ဘာကြောင့်လဲဆိုတော့ ရှောင်းကျန့်က ယုန်မိစ္ဆာမျိုးနွယ်စုရဲ့ ဆက်ခံသူ ဖြစ်နေလို့ပဲ..။ ခေါင်းဆောင် ကိုယ်တိုင်က သူတို့ရဲ့ အသက်ရှင်မှု နည်းလမ်းကို သဘောမကျဘဲ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အပေါ် ယုန်မိစ္ဆာ မျိုးနွယ်စုဟာ အယုံအကြည်မရှိလေဘူး..။ ရှောင်းကျန့် မျိုးနွယ်စုကို ဆက်ခံတဲ့ အချိန်ရောက်ရင် သူတို့ရဲ့ ရှင်သန်နေထိုင်မှုကို ပိုခက်ခဲတဲ့ လမ်းကြောင်းပေါ် တွန်းပို့မှာ သူတို့က ကြောက်ရွံ့ကြတယ်..။ ဒါကြောင့်ပဲ သူတို့ဟာ စုရုံးပြီး ရှောင်းကျန့်ကို မျိုးနွယ်စုက နှင်ထုတ်ဖို့ ဖိအားပေးခဲ့ကြတယ်..။ သက်တော်ရှည် ယုန်မိစ္ဆာကြီးရဲ့ ကျိန်စာအောက်မှာ ရှောင်းကျန့်က ဘာအစွမ်းအစမှ မရှိတဲ့ သာမန်ယုန်လေး တစ်ကောင် ဖြစ်သွားခဲ့တယ်..။ ပြီးတော့ မျိုးနွယ်စုကို စွန့်ခွာခဲ့ရတယ်..။ သူ့ကို စိတ်ရင်းအမှန်နဲ့ လိုချင်တဲ့လူပေါ်လာမှပဲ သူဟာ သူ့စွမ်းအင် တွေကို ပြန်ရမှာဖြစ်တယ်..။
YOU ARE READING
Dear Mr.Rabbit
Fanfictionဟိုးရှေးရှေးတုန်းက .. သူ့ရင်ခွင်ထဲ တိုးဝင်လာခဲ့တဲ့ ယုန်လေးတစ်ကောင် ရှိခဲ့တယ်..။ YiZhan Fanfiction By Khant_D