အခန်း - ၎

7.7K 912 12
                                    

တရုတ်ကို ပြန်ရောက်ပြီး နှစ်ပတ်ကြာတဲ့ အချိန်အတောအတွင်းမှာ ဝမ်ရိပေါ်ဟာ သိပ်ကို ပင်ပန်းနေခဲ့တယ်.. ပုံမှန် ထရိန်နင် ဆင်းချိန် အနားယူချိန်တွေနဲ့ မျှတတဲ့ အချိန်ဇယားအတိုင်း လှုပ်ရှားနေပေမယ့် သူ့ရင်ထဲမှ လေးလံနေလေတယ်..။ အညိုရောင် မျက်လုံးတောက်တောက်လေးတွေကို ခေါင်းထဲက ထုတ်လို့မရတာကြောင့် သူ့နေ့ရက်တွေပါ မှုန်မှိုင်းသွားသလိုပဲ..။

ဝမ်ရိပေါ်ကိုယ်တိုင်လည်း သူဒီလောက် ယုန်ကို စွဲလမ်းသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး..။ တစ်စုံတစ်ရာက စိတ်ထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားပြီးမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် သိပ်ကို ခံစားရခက်တယ်ဆိုတာ သူ နားလည်သွားခဲ့ပြီ..။

သူ စိတ်မကြည်လင်ပေမယ့် လေ့ကျင့်ချိန်တွေကို ပျက်လို့မရဘူး..။ လကုန်ကျရင် ကလပ်အသင်းတွေအချင်းချင်း ခြေစမ်းကြတဲ့ ပုံစံမျိုး ပြိုင်ပွဲ အသေးလေး သူဝင်ပြိုင်ဖို့ ရှိသေးတယ်..။  ဝမ်ရိပေါ်က လေ့ကျင့်ချိန်တွေမှာ သတ်မှတ်စံချိန် မပြည့်တဲ့ အခေါက်တွေရှိနေလို့ Coach ကလည်း ထောင်းချင်နေပြီ..။ ဆုရပြီးမှ ပေါ့တီးပေါ့ဆ လုပ်နေတာလား ဘာညာပေါ့..။

ဝမ်ရိပေါ် ယုန်အကြောင်းမစဉ်းစားဘဲ ကြိုးစားပြီး လေ့ကျင့်တယ်..။ အိမ်ပြန်တယ်..။ တစ်နေ့ တစ်နေ့ သူ့လှုပ်ရှားမှုတွေက လေ့ကျင့်ကွင်းနဲ့ အိမ်နဲ့ အသွားအပြန်လုပ်တာနဲ့ ပြီးနေတယ်..။ မန်နေဂျာ အစ်ကိုကတောင် အရင်လို စိတ်ထွက်ပေါက်အနေနဲ့ ကလပ်သွားရအောင် မပြောလို့  ဝမ်ရိပေါ်ကို အံ့သြနေခဲ့တယ်..။

အဲဒီလိုမျိုးပဲ ကြိုးစားပြီး ကုန်ဆုံးနေတဲ့ နေ့တစ်နေ့ အဆုံးမှာ ဝမ်ရိပေါ်ဟာ အိပ်ရာပေါ် ခြေပစ်လက်ပစ်လှဲချတယ်..။ မန်နေဂျာ အစ်ကိုက ပြန်သွားပြီ..။ သူ့အခန်းဟာ သိပ်ကို တိတ်ဆိတ်လွန်းနေတယ်..။ ဝမ်ရိပေါ် သူ့မားမားကို သတိရတယ်..။ ကြိုးစားတဲ့ သူအတွက် အကောင်းဆုံးတွေပဲ စောင့်ကြိုနေမှာပါလို့ ဝမ်ရိပေါ်ကို ခေါင်းလေးပွတ်ပေးပြီး ပြောခဲ့တဲ့ အချိန်တွေ အပါအဝင်ပေါ့..။ မားမားက သူ့ကို သိပ်ချစ်တာ..။ မားမားနဲ့ ပတ်သက်လို့ ပြန်တွေးတိုင်း ဝမ်ရိပေါ် နွေးထွေးမှုတွေပဲ ခံစားရတယ်..။ ပြီးရင်တော့ အဲဒီ့နွေးထွေးမှုတွေကို ထပ်ပြီး မရနိုင်တော့ဘူး ဆိုတဲ့ အသိနဲ့ သူ ဝမ်းနည်းရတယ်..။

Dear Mr.RabbitWhere stories live. Discover now