အခန်း - ၉

6.8K 891 16
                                    

ပြိုင်ပွဲဝင်ဖို့ လုပ်နေပေမယ့် ရိပေါ်ရဲ့ စိတ်တွေ လေး နေတယ်..။ နေ့ည အချိန် အပြောင်းအလွဲကြောင့်ရော ရာသီဥတုနဲ့ အသားမကျတာကြောင့်ရော ရိပေါ်ရဲ့ မျက်နှာက မှုန်ကုပ်ကုပ်နဲ့..။ စားစရာတွေအဆင်မပြေတိုင်းလည်း ရှောင်းကျန့်ကို သတိရတယ်..။ သူတို့ ဘယ်လောက်အထိ ရင်းနှီးနေခဲ့ပြီလဲဆိုတာ ခွဲနေရတော့မှ ပိုသိလာတာပဲ..။ နောက်တစ်ခါဆိုရင် ရှောင်းကျန့်ကို ဘယ်သွားသွား မရ ရအောင် ခေါ်သွားမယ်လို့ ရိပေါ်ဆုံးဖြတ်လိုက်တယ်..။

မနက်ဖြန် ပြိုင်ပွဲ ဖြစ်တာကြောင့် ဒီနေ့ နောက်ဆုံး အခေါက်အနေနဲ့ လေ့ကျင့်နေတုန်းမှာ မန်နေဂျာ အစ်ကိုက ကွင်းထဲ ဝင်လာတာကို တွေ့လိုက်ရတယ်..။ မန်နေဂျာ အစ်ကိုရဲ့ မျက်နှာက လုံးဝ မကောင်းဘူး..။ သက်ပြင်းတစ်ချက်ချပြီး မန်နေဂျာ ဟာ ဝမ်ရိပေါ်ကို အကျိုးအကြောင်း ပြောပြတော့တယ်..။

" သူဌေးက ဖုန်းဆက်တယ်.. မနက်ဖြန်ပွဲမှာ မင်းနိုင်စရာ မလိုဘူးတဲ့.. "

အဓိပ္ပါယ်မရှိတဲ့ စကားကြောင့် ဝမ်ရိပေါ် မျက်မှောင်ကြုံ့သွားတယ်..။ အရင်လို ဂဂျီဂဂျောင်မတိုက်တော့ဘဲ ကြိုးစားပမ်းစား လေ့ကျင့်ထားပြီး အနိုင်ယူဖို့ ယုံကြည်ချက်ရှိနေပြီ ဆိုတဲ့ အချိန်ကျတော့မှ  ပြိုင်ပွဲမှာ နိုင်စရာ မလိုဘူးတဲ့လား ..။ ဒါက ဘယ်လိုစကားလဲ..။

" အခုပြိုင်ပွဲအတွက် အဆင့် တစ် နှစ် သုံးက အစောကြီးတည်းက ရွေးထားပြီးသားတဲ့.. မင်း လုပ်ရမှာက Top 3 ထဲလည်း မပါအောင်.. မင်းအရှုံးပေးလိုက်ရတယ်ဆိုတာလည်း မသိသာအောင် မောင်းပြရုံပဲ.. "

မန်နေဂျာ ဟာ မျက်နှာ ပျက်ပျက်နဲ့ ဆက်ရှင်းပြနေတယ်..။ ဒီပွဲရဲ့ နောက်ကွယ်မှာ ကြေးကြီးတဲ့ လောင်းကြေးငွေတွေ ရှိပြီး သူတို့ ကလပ်သူဌေးက ဒီဘက်က ကလပ်သူဌေးနဲ့ ညှိလို့ ပိုက်ဆံတွေကို ပွဲကြည့်သူတွေဆီကနေ ဘယ်လိုသဲ့ယူရမလဲ ပြင်ဆင်ထားခဲ့တာပဲ ဖြစ်တယ်..။ စကားတစ်ခွန်းတည်းနဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောရရင်တော့ ဒီပွဲက လုပ်ပွဲပဲ..။ ဝမ်ရိပေါ် တောက် တစ်ချက်ခေါက်တယ်..။ Coach ကလည်း မျက်နှာ မကောင်းတော့ဘူး..။ မန်နေဂျာကတော့ လောင်းကြေးတွေဟာ မြေအောက်ဂိုဏ်းတွေနဲ့ ပတ်သက် နေပြီး ရိပေါ်အနေနဲ့ကတော့ သူဌေးပြောသလို လိုက်နာလိုက်တာ အန္တရာယ်ကင်းမယ့် အကြောင်း နားချနေတယ်..။ သူတကယ်ပဲ ရိပေါ်ကို အန္တရာယ် မများစေချင်ဘူး..။

Dear Mr.RabbitWhere stories live. Discover now