ရိပေါ်မှာ တကယ် အရူးတစ်ပိုင်းပဲ..။ လူသားတွေရဲ့ ဆေးဝါးတွေနဲ့ ကုသလို့မရဘဲ တစ်စတစ်စ အားအင်ယုတ်လျော့လာတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း သူ ရူးမလို ဖြစ်နေပြီ..။ ဘယ်တုန်းကမှ မယုံခဲ့ဘူးပေမယ့် နောက်ဆုံးသော ကောက်ရိုးတစ်မျှင်ကို ဆွဲဖမ်းတဲ့ အနေနဲ့ ရိပေါ် နတ်ဆရာမတွေ ဆီလည်း ရောက်တယ်..။ အမျိုးမျိုးသော နတ်ဆရာမတွေ ပြောတဲ့ စကားက တစ်ခွန်းတည်းရယ်..။ ဒီလူသားရဲ့ အသက်အလင်းတိုင်ဟာ တဖြည်းဖြည်း ကုန်ဆုံးလာတာ ဖြစ်ပြီး ဆွဲဆန့်ထားဖို့ သူတို့မှာ နည်းလမ်းမရှိဘူး..။ ဝမ်ရိပေါ် သွေးရူးသွေးတန်းနဲ့ နတ်ဆရာမတွေ တစ်ယောက်ပြီး တစ်ယောက်ပြောင်းမေးတယ်..။ ဘာ အသက်အလင်းတိုင်ကုန်တာလဲ.. သူ့ရှောင်းကျန့်က အခုမှ အရွယ်ကောင်းလေးပဲရှိသေးတာ.. သူ့ရှောင်းကျန့်က စွမ်းအားမြင့်ယုန်မိစ္ဆာ..နားလည်လား..အသုံးမကျတဲ့ နတ်ဆရာမတွေ..။
ဝမ်ရိပေါ် ရပ်ကွက်ထဲက ပန်းခြံလေးမှာထိုင်ရင်း မျက်ရည်အလိုလိုကျလာတဲ့ မျက်လုံးတွေကို အုပ်ထားမိတယ်..။ ဒီလိုနဲ့ပဲ ကျန့်ကောကို လက်လွှတ်လိုက်ရမယ်ဆိုရင်... သူတကယ် အဆင်သင့်မဖြစ်သေးဘူး..။
" လက်လွှတ်ရမယ့် ရေစက်ဆိုတာလည်း ရှိလာခဲ့တာပဲ.. "
သူ့ထိုင်ခုံရှေ့တည့်တည့်မှာ အနီရောင်လေဒီရှုး တစ်ရံကို ဝတ်ထားတဲ့ အိုမင်းနေတဲ့ ခြေထောက်အစုံ ပေါ်လာခဲ့တယ်..။ မော့ကြည့်လိုက်တော့ သူ့လက်ထဲ ရှောင်းကျန့်ကို ထည့်ပေးလိုက်တဲ့ အဘွားအို..။ အနီရဲရဲ အရောင်တွေကိုပဲ ထုံးစံ အတိုင်းဆင်မြန်းထားတဲ့ အဘွားအိုဟာ မျက်နှာမှာတော့ နွမ်းလျတဲ့ အပြုံးနဲ့..။ ရိပေါ် ပေါက်ကွဲသွားတယ်..။ အစကပြောတော့ ထွေးပွေ့ရမယ့် ကံကြမ္မာဆို.. အခုမှ ဘာလက်လွှတ်ရမှာလဲ.. အဘွားကြီး ခင်ဗျားက အရူးလား..။ ဝမ်ရိပေါ် တကယ်ပဲ ဆဲချင်မိတယ်..။ ဒီ တန်ခိုးရှင်လိုလို ဘာလိုလို ဘွားတော်က လူနှစ်ယောက်ရဲ့ နှလုံးသားကို ကစားစရာ ထင်နေတာလား..။
အဘွားအိုက ဝမ်ရိပေါ်ရဲ့ အတွေးတွေကို သိနေတဲ့ မျက်နှာနဲ့ သူပြောစရာရှိတဲ့ စကားတွေကို ဆက်ပြောနေခဲ့တယ်..။ သူ့ တစ်သက်တာ အတွင်းမှာ ဖူးစာဖက်ပေးပြီး ကျိန်စာဖြေပေးခဲ့တဲ့ကိစ္စတွေ အများကြီးရှိတယ်..။ ဒါပေမယ့် ဘယ်အတွဲကမှ အခုလိုအဖြစ်မျိုး မကြုံခဲ့ဘူး..။ ရှောင်းကျန့်ရဲ့ ကံကြမ္မာက ထူးခြားလွန်းတာကြောင့် လူသားတစ်ယောက်နဲ့ မေတ္တာချင်းချည်နှောင်လိုက်တဲ့ အခါ ဖြစ်စဉ်တွေက ပြောင်းလဲသွားခဲ့ရတာ..။ ရှောင်းကျန့်က ကျိန်စာပြေသွားတဲ့ယုန်မိစ္ဆာမဟုတ်တော့ဘဲ လူအသွင်နဲ့သာမန်ယုန်လေးတစ်ကောင် ဖြစ်သွားခဲ့တာတဲ့..။ အသွင်ကတော့ လူပုံစံ ရှိနေပေမယ့် ယုန်လေးတစ်ကောင်ပဲမလို့ ယုန်သက်တမ်း အတိုင်းပဲ နေနိုင်မယ်..။ အခု ဖြစ်နေတဲ့ အခြေအနေတွေ အကုန်လုံးက ယုန်သက်တမ်းကုန်ခါနီး ဖြစ်တာကြောင့် ဆိုတာတွေကို အဘွားအိုဟာ ရီပေါ်ကို ပြောပြနေခဲ့တယ်..။
ESTÁS LEYENDO
Dear Mr.Rabbit
Fanficဟိုးရှေးရှေးတုန်းက .. သူ့ရင်ခွင်ထဲ တိုးဝင်လာခဲ့တဲ့ ယုန်လေးတစ်ကောင် ရှိခဲ့တယ်..။ YiZhan Fanfiction By Khant_D