ဇာတ်သိမ်းပိုင်း

8.4K 934 10
                                    

ရှောင်းကျန့်မရှိဘဲ ကုန်လွန်လာတဲ့ လေးနှစ်ခွဲဆိုတဲ့ အချိန်က ဝမ်ရိပေါ် အတွက် ဗလာပဲ..။ သူ့ ကမ္ဘာက အဖြူနဲ့ အမည်းသက်သက် ..။ ဘယ်အရာက သူ့မြင်ကွင်းထဲကို ရောင်စုံခြယ်ပြီး ဝင်မလာနိုင်တော့ဘူး..။ ဝါသနာပါခဲ့တဲ့ အရာတွေကို လုပ်ချင်စိတ်လည်း မရှိတော့တဲ့ ဝမ်ရိပေါ်ကို ဝမ်ပါးပါးဟာ ပြန်ခေါ်ခဲ့တယ်..။ ဝမ်အိမ်တော်ရဲ့ အငယ်အနှောင်းက ပေါက်တဲ့ ကလေးပေါင်းစုံကတော့ ရုတ်တရက်ကြီး ဝမ်ရိပေါ် ဟာ ဝမ် Group မှာ ထဲထဲဝင်ဝင် ဖြစ်လာတာကို မကျေမနပ်နဲ့..။ ဝမ် အစ်ကိုကြီးရဲ့ သင်ကြားပေးမှုတွေနဲ့ ဝမ်ရိပေါ်က အချိန်တိုတွင်းမှာ ဝမ် Group ရဲ့ MD တစ်ယောက်အထိ ဖြစ်လာခဲ့တယ်..။

ဝမ်ရိပေါ် ဆိုင်ကယ်ပြန်မစီးတော့ဘူး..။ ဆိုင်ကယ် ကွင်းနားတောင် မသွားဘူး..။ ဦးထုပ်ကို နမ်းပြီး ဆုတောင်းပေးမယ့်သူမရှိတဲ့ ပြိုင်ပွဲဟာ ဝမ်ရိပေါ်အတွက် သိပ်ကို လစ်ဟာနေလို့..။ တစ်သက်လုံးက စိတ်မဝင်စားခဲ့တဲ့ အလုပ်တွေကို ဝမ်ရိပေါ် ဖိလုပ်တယ်..။ ဦးနှောက်ရော လူပါ အနားမရတော့မှ ရင်ထဲက အနာက နည်းနည်းလေးသက်သာတယ်လို့ ဝမ်ရိပေါ် ထင်တယ်..။ ရှောင်းကျန့် နမ်းသွားခဲ့တဲ့ ဆိုင်ကယ်ဦးထုပ်ကို မြင်ရင်တော့ အလွမ်းတွေဟာ လှိမ့်လှိမ့်တက်လာတာပဲ..။ ဒါပေမယ့် ဒါဟာ သူရွေးချယ်ခဲ့တဲ့လမ်းမလို့ ဝမ်ရိပေါ်က အားတင်းပြီးပဲ သူ့နေ့ရက်တွေကို ဖြတ်သန်းနေခဲ့တယ်..။ သူကောင်းကောင်းရှင်သန်မယ်လို့ ရှောင်းကျန့်ကို ကတိပေးထားခဲ့တယ်..။

" ဒီ project ရဲ့ Detail planning က ဘယ်သူလုပ်တာလဲ.. "

အစည်းအဝေးခန်းထဲမှာ ဝမ်ရိပေါ်ရဲ့ လေသံက အေးစက်စက်ထွက်လာတယ်..။ အောက်က Team leader တွေ အကုန်လုံးက စစ်ဆေးပြီး စိတ်ကျေနပ်လောက်ပြီထင်မှ ဝမ်ရိပေါ်ဆီ တင်လိုက်ပေမယ့် ဝမ်ရိပေါ်ရဲ့ အခုပုံစံ က သိပ်ကို အေးစက်လွန်းတာကြောင့် ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲတော့ဘူး..။ ဘာဖြစ်လို့လဲ သူဌေးဝမ်.. မကြိုက်တာရှိရင်လည်း ဖြေးဖြေးပြောပေးပါလို့.. ဝန်ထမ်းတွေက စိတ်ထဲမှာ ကျိတ်အော်နေခဲ့ကြတယ်..။ အဲဒီ အချိန်မှာပဲ အစည်းအဝေးခန်းမရဲ့ တံခါးက ခေါက်သံ နှစ်ချက်အဆုံးမှာ ညင်ညင်သာသာ ပွင့်လာခဲ့တယ်..။ ဝန်ထမ်းတွေကတွေးတယ်.. ငါတို့ ဝမ် MD ကြီး စိတ်ဆိုးနေတဲ့ အချိန်မှာ ဝင်လာရဲတဲ့ ကံဆိုးသူ မောင်ရှင်က ဘယ်သူလဲ ? ။

Dear Mr.RabbitUnde poveștirile trăiesc. Descoperă acum