" ဟူးဟူးလေး "
" ကျွန်တော်နိုးနေပြီတီလေး .. ခဏနေအောက်ကို
ဆင်းလာခဲ့မယ် "လည်ကတိုင်လေးကိုလည်ပင်း၌ အသေအချာစည်းရင်း
တစ်ကိုယ်လုံးပေါ်မှန်ထဲတွင်တွေ့မြင်နေရသောကိုယ့်ရုပ်
အသွင်ကိုပြန်ကြည့်ပြီးမျက်လုံးမှေးမှေးလေးတွေ စုံမှိတ်
သွားသည်အထိ ရယ်လိုက်သော အထက်တန်းပထမနှစ်
ကျောင်းသားလေး ဗြောင်ဘတ်ခ်ဟွန်း ။ငယ်စဉ်ကနှုတ်ကျိုးခဲ့သော ကိုယ့်ကိုယ်ကို ' ဟူးဟူး ,
ဟူးဟူးလေး' လို့ သုံးတတ်သည့်နာမ်စားလေးအစား ။' ကျွန်တော် ' ဆိုသောလူငယ်ဆန်ဆန် အခေါ်အဝေါ်
နာမ်စားလေးကို ပြောင်းသုံးတတ်သွားတဲ့ ဘတ်ခ်ဟွန်း
ဟာ အသက်၁၇နှစ်ပြည့်ပြီး မကြာ ။ပြောင်းလဲသွားခဲ့သော အမူအကျင့်တို့ ။ ခေါင်းပေါ်က
ကြက်တောင်စည်းလေး နှစ်ခုလေးပါအစစ်အနေနှင့်ပါ
လို့သွားခဲ့သည် ။သို့သော်မပြောင်းလဲဘဲကျန်ရစ်နေခဲ့သော အရာသည်
အမြဲတမ်းပြုံးတတ်တဲ့ ဖြူစင်လွန်းတဲ့ အပြုံးလေးတွေ
နှင့် ချန်းယောလ်အပေါ်သို့ မသိစိတ်ရောအသိစိတ်က
ပါပွင့်ပွင့်လင်းလင်းဖြစ်ပေါ်နေသောထုထည်သိပ်သည်း
မှု ချေဖျက်မရသော အရောင်စွန်းနေသော သံယောဇဉ်
တို့သာ ။ကျောင်း uniform ကိုအသေအချာဝတ်ထားသော
သူ့အတွက် ဒီနေ့သည် နေ့ထူးနေ့မြတ်လေး တစ်နေ့ဟု
ဆိုလျှင်မမှားနိုင် ။အဘယ်ကြောင့်ဆိုသော် ဒီနေ့သည် သူသိပ်ချစ်သည့်
ကိုကိုချန်းယောလ်၏အထက်တန်းကျောင်းဆင်းဘွဲ့နှင်း
သဘင်ပေးပွဲဖြစ်သည့်အပြင် ။ သူအထက်တန်းပထမ
နှစ်ကိုစတက်ရမယ့် ပထမဆုံးနေ့လည်း ဖြစ်သည် ။" ဆံပင်ပုံစံအသစ်ကလေးနှင့် တီလေးရဲ့ဟူးဟူးလေး
က ချောလို့ပါလား .. ဒီအတိုင်းဆို ကြည့်ရတာ ဒီနှစ်
အထက်တန်းပထမနှစ်မှာ တီလေးရဲ့ဟူးဟူးလေးက
King ဖြစ်တော့မယ်ထင်တယ် "
YOU ARE READING
|| FLY AWAY : BEAUTIFUL ||《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]