ချည်နှောင်ခြင်းကင်းမဲ့နှင့်ဖြစ်ပေါ်ခဲ့သော ချစ်ခြင်း ။
နာကျင်ခြင်းတို့ အထပ်ထပ်လောင်းထည့် ။
မုန်းတီးခြင်းဟူသည် အဘယ်နည်း? ။
တဖျတ်ဖျတ်နှင့်ခတ်နေသော မျက်တောင်တစ်စုံ ။
အချိန်ကြာကြာ မှိတ်ထားခဲ့ရလို့ထင်၏ ။ကျိန်းဆက်နေသော အခန်းမီးအလင်းကြောင့် အနည်း
ငယ်ဖွင့်လိုက်မှိတ်လိုက်လုပ်နေမိရင်း မျက်ဝန်းတစ်စုံ
အားအပြည့်အဝဖွင့်နိုင်အောင် သူကြိုးပမ်းမိသည် ။" သားလေး .. မားမားသားလေး ...
မားမားသားလေး သတိရလာပြီလား "" ဟူးဟူးလေး ... တီလေးရဲ့ဟူးဟူးလေး
သတိရလာပြီ ... ဒေါက်တာ !! ဆရာမ !! "တူတော်မောင် သတိရလာပြီဆိုတာနှင့် ဗြောင်
နာရာတစ်ယောက်မှာ သက်ဆိုင်ရာ တာဝန်ကျ
ရာ ဆရာ ၊ ဆရာမတို့ကိုခေါ်ရန်အခန်းထဲမှပြေး
ထွက်သွားခဲ့သည် ။ဗြောင်မင်ရီမှာတော့ ကုတင်ထက်တွင် သတိပြန်ရ
လာပြီဖြစ်သော သားရဲ့ နဖူးပြင်တွင်ဝဲကျနေသော
ဆံနွယ်လေးတို့ကိုလက်ချောင်းလေးတွေဖြင့် ဖယ်
ရှားပေးရင်း အလှဆုံးပြုံးပြမိသည် ။အသည်းကင်ဆာ နောက်ဆုံးအဆင့် ရောက်နေပြီ
ဖြစ်တဲ့ သူမကိုယ်တောင်သူမ ဂရုမစိုက်နိုင် ။ခုနစ်ရက်တစ်ပတ်တိတိ သတိလစ်နေသော သား
အနားတွင် တစ်ဖဝါးမှမခွာဘဲနေနေမိလို့နေသည်
မှာ သားအပေါ်သူမထားရှိသည့်မိခင်မေတ္တာတရား
ဘယ်လောက်ကြီးမားသလဲဆိုတာကို မြင်သာနိုင်
ပေသည် ။" အားလုံး စိတ်ချလို့ရတဲ့ အခြေအနေဖြစ်သွားပါပြီ
လူနာအတွက် လိုအပ်တာမှာချင်လို့ နောက်ငါးမိနစ်
နေရင် ကျွန်တော့်ရုံးခန်းကို လူနာရှင်တစ်ယောက်
ယောက်လောက်ဖြစ်ဖြစ် လာခဲ့ပေးပါ "" ဟုတ်ကဲ့ ဒေါက်တာ "
အခန်းထဲက ဒေါက်တာထွက်သွားသည်နှင့် တီလေး
ဖြစ်သူနှင့် တီတီတာတာ စကားလေးတွေဆိုနေသော
သားကိုငေးကြည့်ပြီး သူမခပ်ပျပျလေးသာပြုံးမိပြန်
သည် ။" ဟူးဟူးလေး ! ! ! ! "
" ဟွန်း ! ! ! ! "
* တီ .. တီတီ .. တီတီ *
ESTÁS LEYENDO
|| FLY AWAY : BEAUTIFUL ||《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]