" ဒီတစ်ခေါက်မင်းဘက်ကလွန်တယ်လို့မထင်ဘူးလား
ဘတ်ခ် .. သူ့ကိုမုန်းတယ်ဆိုရင်တောင်အခုလိုမင်းမလိမ်
သင့်ဘူး တကယ်ဆို မင်းကိုယ်တိုင်ကလည်း သူမင်းကို
လိမ်ခဲ့လို့ဆိုတဲ့ခေါင်းစဉ်နဲ့ပဲသူ့ကိုအခုလိုမျိုးမုန်းနေခဲ့တာ
မဟုတ်လား သူများကကိုယ့်ကိုလိမ်တာမကြိုက်ရင်ကိုယ်
ကိုယ်တိုင်ကလည်းသူများကိုမလိမ်သင့်ဘူးဘတ်ခ်နောက်
ပြီး မင်းသူ့ကိုခွင့်လွှတ်ပေးသင့်ပြီလို့ငါထင်တယ် "လေသံအေးအေးလူလူဖြင့်ပြောနေသော ရီရှင်းစကားတို့
အား ကုတင်ထပ်တွင် ခြေကားယားလက်ကားယားလေး
နှင့် အိပ်ပျော်နေသောအပြစ်ကင်းစင်တဲ့ သားရဲ့ မျက်နှာ
လေးကို ဘတ်ခ်ဟွန်းနှုတ်ဆိတ်လျက်တစိမ့်စိမ့်ရပ်ကြည့်
ရင်းနားစိုက်မိသည် ။" ငါအခုလိုပြောနေတာတွေကလည်း မင်း သူ့ကြောင့်
နာကျင်ခဲ့ရတာတွေကိုမသိလို့ကိုယ်ချင်းမစာလို့ပြောနေ
တာ မဟုတ်ဘူးနော် ဟူးဟူးလေးကြောင့် ဟူးဟူးလေး
မျက်နှာကြောင့် မသက်သာလို့ မင်းကို နာကျင်စေခဲ့တဲ့
သူ့ကို ငါခွင့်လွှတ်ခိုင်းရတာ "" ငါနေသားကျနေပြီ ရှင်း ငါသားနဲ့နှစ်ယောက်တည်း
နေသားကျနေတာကြာခဲ့ပြီမို့ ငါသူ့ကိုမလိုအပ်ဘူး "" မင်းမလိုအပ်ပေမယ့် ဟူးဟူးလေးအတွက်လိုအပ်
တယ်လေဘာပဲပြောပြောသူကဟူးဟူးလေးရဲ့အဖေ
အရင်းပဲလေ မင်းအတ္တတွေကြောင့် ဟူးဟူးလေးကို
မိသားစုအစုံအလင်မရှိတဲ့ဘဝမျိုးနဲ့တစ်သက်လုံးနေ
သွားခိုင်းမယ်ပေါ့ ! ဒါဆို မင်းလုံးဝမတရားဘူး ဘတ်ခ် "" ................... "
" မင်းတုန်းကကျတော့မိဘအစုံအလင်နဲ့နေခဲ့ပြီး
ဘာလို့ဟူးဟူးလေးကိုမှ မင်းငယ်ငယ်ကမခံစားဖူး
တဲ့ ခံစားချက်မျိုးကို ပေးခံစားစေချင်ရတာလဲ ! "" ................ "
" ငါ မင်းဘက်မှာ အမြဲတမ်း ရှိနေပေးမယ်လို့ မင်းကို
ငါကတိပေးထားခဲ့တယ် ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါ
မင်းဘက်မှာမနေပေးချင်ဘူး ဘတ်ခ် .. ဟူးဟူးလေးကို
မိသားစုအစုံအလင်မရှိတဲ့ ဘဝမျိုးနဲ့ တစ်သက်လုံးနေ
သွားရမယ့်အဖြစ်မျိုးကို ငါဘယ်လိုမှလက်သင့်မခံနိုင်
ဘူး "
YOU ARE READING
|| FLY AWAY : BEAUTIFUL ||《COMPLETED》
RomanceCHANBAEK FAN FICTION [ UNICODE + ZAWGYI ]