" အိမ်ပြန်ရောက်ပါပြီ "
အိမ်ပြန်ရောက်ပြီဖြစ်ကြောင်းအသိ လှမ်းပေးလိုက်
သော်လည်းယခင်ကလိုသူအိမ်ပြန်ရောက်လို့ အသိ
ပေးလိုက်တာနှင့် သူ့ကိုအပြုံးတို့ဖြင့် ကြိုဆိုနေသော
အမေဖြစ်သူအား မတွေ့ရ၍ မီးဖိုချောင်ထဲ၌ တွေ့လို
တွေ့ငြား ဝင်သွားလိုက်စဉ် ထင်ထားတဲ့အတိုင်း သူ
ပြန်လာတာကိုတောင် သတိမထားမိလောက်အောင်
မီးဖိုချောင်ထဲ အလုပ်များနေသော သူ့အမေ ။
ဆူပွတ်နေတဲ့ ဆန်ပြုတ်အိုးကို ကြွေဇွန်းလေးဖြင့်
သာသာလေး မွှေပေးနေတာကြောင့် ချန်းယောလ်
အမေးဆိုရန် အမေးတစ်ခုရလိုက်သည် ။" ဘယ်သူနေမကောင်းလို့လဲ မေမေ "
" သြော် သားကြီးတောင်ပြန်လာပြီပဲ ဟူးဟူးလေး
လေ သားငယ်နဲ့အတူခြံထဲမှာကစားပြီး အပူရှပ်ပြီး
ဖျားသွားလို့ မေမေ ဟူးဟူးလေးအတွက်ဆန်ပြုတ်
ပြုတ်ပေးနေတာ "" အာ .. "
" ဒါနဲ့ သားကြီးကို မေမေပြောဖို့ မေ့နေတာ မေမေ
ဟူးဟူးလေးကို သားကြီးရဲ့အခန်းထဲမှာ သိပ်ထား
တယ် သိလား "" ဗျာ ! ပေါက် - ပေါက်စက သူ့အိမ်မှာသူမအိပ်ဘဲ
ဘာလို့သားအခန်းထဲမှာလာအိပ်ရတာလဲ "" ဒီနေ့ ညီမမင်ရီတို့ ညီမနှစ်ယောက်လုံးက အိမ်မှာ
မရှိကြဘူး သားကြီးရဲ့ မနက်ကတည်းကအလုပ်ကိစ္စ
နှင့် ဘူဆန်ကိုသွားကြလို့ မေမေ့ဆီမှာ ဟူးဟူးလေး
ကို တစ်ရက်အပ်ထားခဲ့တာ သားကြီးရဲ့ "" ဟာ ! "
" နောက်ပြီး သားကြီးအခန်းထဲမှာ ဟူးဟူးလေးကို
မသိပ်လို့ မေမေက ဟူးဟူးလေးကို ဘယ်မှာသွား
သိပ်ရမှာလဲ သားညီလေး အခန်းက သိတဲ့အတိုင်း
ဘယ်လောက်ရှင်းရှင်း မရှင်းနိုင်တဲ့ ကြွက်သိုက်လို
ရှုပ်ပွနေလို့ အဲ့ဒါနဲ့ပဲ မေမေ သားအခန်းထဲမှာ သိပ်
ထားလိုက်တယ် ဟူးဟူးလေးက တော်တော်နေမ
ကောင်းဖြစ်နေတယ်သားကြီး အဲ့ဒါကြောင့် မေမေ့
အစား သားကြီးကပါ ဟူးဟူးလေးကို နည်းနည်း
လောက် ပိုဂရုစိုက်ပေးပါဦး "