" သားကြီး ခြံထဲက သားလေးဟူးဟူးကို သွားဆင်းခေါ်
လိုက်ပါဦးကွယ် ဒီမှာညစာစားဖို့အတွက်အကုန်ပြင်ပြီးပြီ
မအေးခင်လေး အတူစားရအောင် "မျက်ဝန်းတစ်စုံကိုမှိတ်ကာ နားကျပ်မှတစ်ဆင့် နားစည်
သို့ လာရောက်ရိုက်ခတ်လာသော သာယာသော တေး
သံစဉ်တို့အား နားဆင်ရင်း ဆိုဖာထက်၌ ငြိမ်သက်လို့
နေရာမှတပ်ထားသော နားကျပ်တစ်စုံမှ တစ်ဖက်အား
အသာဆွဲဖြုတ်ပြီးပြောလာသော အမေဖြစ်သူ၏စကား
အား သူကြားလိုက်ရစဉ် ။ ငြိမ်သက်နေသော ပင်လယ်
ရေ မျက်နှာပြင်ထက်ပြင်းထန်သော မုန်တိုင်းတစ်ခုဝင်
ရောက်လာခဲ့သလို ပြေပြစ်လျက်ရှိသော မျက်ခုံးအစုံမှာ
မျက်ဝန်းတစ်စုံမှိတ်လျက်ပင်ရုတ်ချည်းတွန့်ချိုးလို့သွားခဲ့ ။" မေမေကလည်း ညီလေးရှိနေတာပဲကို ညီလေးကိုပဲ
သွားခေါ်ခိုင်းလိုက်ပေါ့ "" သားငယ်က ခြံထဲမှာပဲ သားလေးဟူးဟူးနဲ့အတူတူ
ဆော့နေတယ်လေ သားကြီးရဲ့ .. ကဲပါ သွား ..သား
ညီလေးတွေ ပူပူနွေးနွေးစားရအောင် သွားခေါ်လိုက်
သွား "" မေမေ .. သား ... "
" တခြားနေ့တွေမှာ သားဘယ်လိုပဲ သားလေးဟူးဟူး
အပေါ်ကို သူစိမ်းဆန်ဆန်ဆက်ဆံဆက်ဆံဒီနေ့တော့
မရဘူး သား .. ဘာလို့လဲ ! ဘာလို့လဲဆိုတော့ မမေ့နဲ့
ဒီနေ့ကဟူးဟူးလေးရဲ့၁၄ပြည့်မွေးနေ့ဆိုတာသွားအမြန်
သွားခေါ်ချေ .. မွေးနေ့ရှင်ဖြစ်တဲ့ သားလေးဟူးဟူးလေး
ကို ပျော်အောင်ထားရမယ်မဟုတ်လား သားကြီး ဟင် ! "သူမ၏ အတင်းအကြပ်ဆန်မှုကြောင့် ဆူပုတ်ကာခြံထဲသို့
ဆင်းသွားခဲ့သောသားကြီးဖြစ်သူချန်းယောလ်၏ ကျောပြင်
လေးကို ကြည့်ပြီး သူမပြုံးမိသည် ။အမေတစ်ခု ၊ သားတစ်ခုသာရှိသည့် ဘတ်ခ်ဟွန်းလေး
အား သူမမှာ မိမိသားအရင်းတစ်ယောက်ကဲ့သို့ချစ်ခင်
တွယ်တာမိသည် ။
KAMU SEDANG MEMBACA
|| FLY AWAY : BEAUTIFUL ||《COMPLETED》
RomansaCHANBAEK FAN FICTION [ UNICODE + ZAWGYI ]