အချစ်ကြီးသူ
"အား!!!!!!!"
ဆိုတဲ့ အော်သံနဲ့ အတူ
လူတစ်ယောက်လမ်းထောင့်ချိုးကနေ
ထိတ်ထတ်ပြာပြာပြေးထွက်လာတယ်
မျက်နှာမှာလည်း ကြောက်ရွံမှုနဲ့သွေးပျက်မှုတွေ အတိုင်းသားပေါ်လွင်လို့.....
ထိုသူအော်ဟစ်ပြီး အဝေးကြီးထွက်ပြေးသွားတာကို
အမှောင်ထဲက လူတစ်ယောက်ရပ်ကြည့်နေတယ်
လူသေအလောင်းတစ်ခု တိတိကျကျဆိုရရင်
အမျိုးသမီးငယ်တစ်ဦး
နှလုံးရှိတဲ့ ဘယ်ဘက်ခြမ်းက ကွဲနေပြီးတော့ နှလုံးထဲက သွေးတွေကို စုပ်ယူထားပုံရတယ်
ကျန်တာအားလုံး လူတစ်ယောက်အိပ်နေသလိုပဲ
သို့ပေမဲ့ နှလုံးပေါက်ကြီးနဲ့ လူတစ်ယောက် ကို ညမှောင်မှောင်မှာသာ သင်တွေ့ရမယ်ဆို သွေးပျက်ဖွယ်ပါပဲမန်စီမြို့ လေးက ကျဉ်းပေမဲ့ နေချင်စဖွယ်လေးပါ
တောင်တန်းတွေနဲ့ ကာရံထားပြီး သစ်တောခပ်အုပ်အုပ်
လေးက အေးချမ်းတဲ့သဘောကိုဆောင်နေပါတယ်
စိုက်ပျိုးရေးကို အဓိက ထားတဲ့ မြို့လေးမို့ မြို့ပြင် တောင်နံရံလေးတွေမှာ လှေကားထစ်သဖွယ် စိုက်ပျိုးပင်တွေနဲ့ စိမ်းစိုနေတယ်ထိုမြို့လေးရဲ့ ရဲစခန်းမှာတော့......
တီ📞....တီ📞...တီ📞
ညကလူသတ်မှုကွင်းဆက်ကို တစ်ညလုံးကြိုးစားရှာနေတဲ့
ဂန်မင် တစ်ယောက် ဖုန်းသံကြောင့် နိုးလာတယ်ဖုန်းကိုင်လိုက်ပြီး တစ်ချက်သန်းဝါးလို့ ထူးမယ်ကြံကာ
ရှိသေး
"ဗျာ...""........."
"ဟုတ်ကဲ့ ခု လာပါပြီ"
ဖုန်းကို ဖုန်းခွက်ထဲချလိုက်လို့ တစ်ဖက်စားပွဲမှာ အမှုဖိုင်တွဲတွေနဲ့ အလုပ်ရှုပ်နေတဲ့ မှုန်ကုတ်ကုတ်နဲ့ ကောင်လေးကို လှမ်းခေါ်ပြောလိုက်တယ်
"ဟေ့ကောင်ရေ မင်း evil ကတော့ နောက်တစ်ယောက် သတ်လိုက်ပြန်ပြီကွ"
ဆိုတဲ့အသံကြောင့် ထိုကောင်လေး လက်ထဲက
ဖိုင်တွဲလွတ်ကျသွားတယ် ပြီးတော့ မျက်နှာတစ်ပြင်လုံးနီရဲကာ ဒေါသတွေပြည့်လျှံလာတဲ့ မျက်လုံးတွေနဲ့ နံရံက ကွင်းဆက်လူသတ်မှု ပုံကြမ်းကို ကြည့်လိုက်တယ်
.....................
YOU ARE READING
အချစ်ကြီးသူ (Complete)
Fanfictionရင်ထဲကို မြူတစ်မှုန်စာလောက်လေး ရောက်မယ်လို့မျှော်လင့်ပါတယ်