အပိုင်း(9)Final Part

8.1K 404 56
                                    

အချစ်ကြီးသူ
9️⃣9️⃣9️⃣

အပိုင်း(9) Final prat

Flash back.......
ဒေါက်....ဒေါက်.....ဒေါက်
ခြေသံတွေ ကြားရတယ်

Xiao Zhan နားစွင့်ကြည့်မိတော့ ခြေသံက သူ့အနားကို တစ်ဖြည်းဖြည်းလျှောက်လာတယ်
ပိုပိုပြီး နီးနီးလာတယ် သူ့အနားရောက်တော့ ခြေသံရပ်သွားတယ်
သူ့ခေါင်းကိုစွပ်ထားတဲ့ ဖျင်အိတ်အမဲကို ဖယ်ပေးတယ်
ချက်ခြင်းကြီးအလင်းရောင်စူးစူးကို ရလိုက်တာမို့ မျက်လုံးကို မှိတ်ထားမိတယ်
အသားကျသွားလို့ မျက်လုံးကို ဖြေဖြေးချင်း ဖွင့်ကြည့်လိုက်တယ်
သူ့ရှေ့မှာ လူတစ်ယောက်
ထိုလူကြောင့် Xiao Zhan မှာ မျက်လုံးအဝိုင်းသားနဲ့ အံ့သြခဲ့ရတယ်
"Yibo မင်း...မင်း.."
Yiboမျက်နှာ သိသိသာသာညိုးငယ်နေတယ်
သူ့မျက်လုံးတွေထဲမှာ ဝမ်းနည်းမှုတွေနဲ့ စိုးရိမ်မှုတွေပြည့်နေတယ်
Xiao Zhanကို ပြုံးပြကာ ချည်နှောင်ထားတဲ့ ကြိုးတွေကိုဖြေပေးလိုက်တယ်
"Yibo မင်း... ငါ့ကို ဖမ်းခေါ်လာတာ မင်းလား"

"Zhan Ge တောင်းပန်ပါတယ်နော် ကျွန်တော် ခုလိုမှ မလုပ်ရင် Ge ကို ဆုံးရှုံးရမှာ ဟင့်အင်း ကျွန်တော် အဆုံးရှုံးမခံနိုင်လို့ပါ"
Xiao Zhan ထိုင်နေတဲ့ ထိုင်ခုံရှေ့လေးမှာ Yibo ဒူးထောက်ထိုင်ချကာ စကားတွေပြောလိုက်တယ်
ဆုံးရှုံးရမှာကြောက်တယ် Zhan Ge
ကျွန်တော့်ကို ချစ်နေရဲ့ သားနဲ့ ညာနေတဲ့ Ge ကို ဝန်ခံစေချင်မိတယ်
ပြီးတော့ Geမေမေ..ကျွန်တော့်ပရောဂ မကင်းပါဘူး

ကောင်လေး.....
မင်းခုချိန်ထိ မိုက်ရူးရဲဆန်တုန်းပဲကို
ငါတို့ဘဝတွေက မျဉ်းပြိုင်နှစ်ကြောင်း ပဲ ဆုံစည်းဖို့က ခက်ခဲလွန်းလှတယ်

"Yibo ငါ့ကို ပြန်ပို့ပေးပါကွာ ငါစေ့စပ်ရဦးမယ်ကွ အမေတို့တွေအရှက်ကွဲလိမ့်မယ် လုပ်ပါကွာ ပြန်ပို့ပါနော် ဟွာရန်းသိက္ခာလည်း ရှိသေးတယ်"
Xiao Zhan စကားကြောင့် Yibo စိုးရိမ်မှုမြင့်တက်သွားတယ်
Geမေမေ..........ငါ့ကြောင့်.........
"Zhan Ge ကို ခေါ်လာထဲက ပြန်ပို့ဖို့စိတ်ကူးမရှိခဲ့ဘူး တောင်းပန်ပါတယ် Ge "

တောင်းပန်ပါတယ် Ge ခုချိန်မှာ ကျွန်တော်ရှင်းမပြနိုင်သေးဘူး ကြောက်တယ် Geရဲ့အမုန်းတွေကို ရမှာကြောက်တယ် Geဆီက ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းသာ ကြားခွင့်ရရင် ကျွန်တော်အတွက် လုံလောက်ပါပြီ အဲ ချစ်တယ် ဆိုတဲ့စကားလေး ကြားရပြီးမှ Geမေမေအကြောင်းကို ဖွင့်ပြောပါရစေ
ကျွန်တော် အတ္တကြီးသွားလား
Geကို ချစ်တဲ့စိတ်ကြောင့် အတ္တဆန်သွားတယ်
သိပ်ချစ်တယ် Zhan Ge လက်လွှတ်ဆုံးရှုံးရမှာ သိသိကြီးနဲ့ကို စူးစူနစ်နစ်ကို ချစ်မိနေတာ
Geသာ အားလုံးသိသွားရင် ကျွန်တော့်ကို မုန်းသွားမှာ ကျွန်တော်သိတယ် ချစ်တယ် ဆိုတဲ့ Geအသံချိုချိုလေး ကြားပြီးမှ အမုန်းခံပါရစေနော်

အချစ်ကြီးသူ  (Complete)Where stories live. Discover now