အချစ်ကြီးသူ
9️⃣9️⃣9️⃣အပိုင်း(8)
လက်ရှိကာလ..........
လီရှင်း လူသတ်မှုဖြစ်စဉ်ကနေ ရတဲ့ သဲလွန်စတစ်ချို့ကြောင့် လတိုင်းရဲ့ 20 ရက်နောက်ပိုင်း လမ်းပေါ်မှာပဲ ကားမောင်းရင်း ညတိုင်းအချိန်ကုန်ခဲ့တယ်
သတ်သွားတဲ့သူက အပျိုစင် မိန်းကလေးတွေကို မှရွေးသတ်တယ်
ကမဆန္ဒကို ဖြည့်ဆည်းဖို့ သတ်ဖြတ်တာမဟုတ်ဘဲ နှလုံးသွေးကို ယူဖို့သက်သက် သတ်ဖြတ်နေတာ လို့သုံးသပ်မိတယ်
ခုနေ့ Tuesday 25 ရက်နေ့
20 ရက်နေ့ထဲက လီရှင်း တစ်လမ်းဝင် တစ်လမ်းထွက် မှောင်ရိပ်ခိုကာ ကားနဲ့ လျှောက်ကြည့်နေမိတယ်
ခုနေ့လည်း ရပ်ကွက် တစ်ခု ဘက်ကို ကားခပ်ဖြည်းဖြည်းမောင်းလားတယ်
အချိန်က ည ၁ နာရီ ကျော်မို့ အိပ်ငိုက်ချင်လာတာနဲ့ 24 hours ဖွင့်တဲ့ စတိုးဆိုင်မှာ juce တစ်မျိုးဝင်ဝယ်လိုက်တယ်
Juice ဝယ်ပြီး ကားပေါ်ပြန်တက်ကာ ကားမမောင်းသေးဘဲ တစ်ကျိုက် နှစ်ကျိုက် မော့သောက်လိုက်တယ်
အဲအချိန် အနည်းငယ်လှမ်းတဲ့ လမ်းထောင့်ချိုးလေးထဲ လူတစ်ယောက် ခပ်ရှည်ရှည်အထုပ် ကို ထမ်းပြီးဝင်သွားတာတွေ့လိုက်တယ်
ထိုလမ်းက ကားဝင်မရတာမို့ လီရှင်း ကားကို စတိုးဆိုင်ရှေ့မှာ ရပ်ခဲ့ကာ အပြေးလေးလိုက်ခဲ့တယ်
ထိုလူက အထုပ်ကို အမှိုက်ပုံနားကို ပစ်ချလိုက်တာတွေ့လိုက်ရတာမို့
လူသတ်သမား လို့သံသယရှိစွာ ထိုလူနားခြေသံလုံလုံနဲ့ကပ်ကာ ကျောကို ဆောင့်ကန်လိုက်တယ်
လီရှင်း ကန်ချက်ကြောင့် ထိုလူ ရှေ့ကို အနည်းငယ် ယိုင်ထွက်သွားတယ်
ထိုလူ မျက်နှာက mask အုပ်ထားတယ် ဦးထုပ်ကို လည်း ခပ်ငိုက်ငိုက်ဆောင်းထားတာမို့ လူပုံကို သေချာမမြင်ရဖြစ်နေတယ်
သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်ကြရင်း
သူ့ဘက်က ခြေတစ်လှမ်းသာကာ လီရှင်း အငိုက်မိသွားတယ်
ထိုလူ ထွက်ပြေးဖို့လုပ်နေတုန်း လီရှင်းလည်း ဆွဲမိ ဆွဲရာ ဆွဲလိုက်တော့ ထိုလူ လည်ပင်းက ဆွဲကြိုးလေး ပြတ်ပါလာတယ်
သူ့ ဆွဲကြိုး လီရှင်း ဆီပါလာတာ သိပုံမရဘူးထင်တယ် အတင်းကာရော ပြေးသွားတယ်
လီရှင်း လည်း ပြေးလိုက်ပေမဲ့ မမှီတာကြောင့် နေရာမှာတင်ရပ်ကာ အမောဖြေလိုက်တယ်
လက်ထဲက ဆွဲကြိုးလေးကို ကြည့်လိုက်တော့ နွားခေါင်း ပုံ ဆွဲကြိုးလေး
YOU ARE READING
အချစ်ကြီးသူ (Complete)
Fanficရင်ထဲကို မြူတစ်မှုန်စာလောက်လေး ရောက်မယ်လို့မျှော်လင့်ပါတယ်