အပိုင်း(5)

3.4K 236 0
                                    

အချစ်ကြီးသူ
9️⃣9️⃣9️⃣

အပိုင်း(5)

Flash back start
💮💮💮💮💮💮

Yibo ခုရက်ပိုင်း မှောင်ခိုဈေးကွက်ဘက်ကို ခြေဦးလှည့်နေရတာနဲ့မို့ Xiao Zhanအိမ်ကို သွားမအိပ်ဖြစ်တာ ၃ ညလောက်ရှိပြီ
လွမ်းလိုက်တာ Ge ရာ
ကျွန်တော် Ge ကို ပိုင်ဆိုင်ချင်တဲ့စိတ်တွေက တစ်နေ့တစ်ခြား များလာပြီ
Geရဲ့ ဂရုစိုက်မှုလေးတွေ က ကျွန်တော့်မျှော်လင့်ချက်တွေကို ရှေ့ဆက်တိုးဖို့ခွန်အားပေးနေသလိုပဲ
Geဘက်က ဘာမှမဖြစ်သလို ကျွန်တော့်ပုခုံးကိုလှမ်းဖက်လိုက်ရင် အဖက်ခံရတဲ့ ကျွန်တော့်ရင်ထဲ နူးကလီးယားဗုံးကြဲနေသလိုပဲ
Geက မထူးဆန်းသလို ကျွန်တော့်ရှေ့မှာ အကျီတွေချွတ်လဲရင် ဒီကောင်ရဲ့စိတ်ရိုင်းတွေက ဖုံးဖိဖို့ အရမ်းခက်ခဲလွန်းတယ်
ညဘက်တွေအိပ်ရင် Geကယောင်ပြီး အကျီလေးလှန်လို့ Geဗိုက်က​လေးကို ကုတ်တတ်တဲ့ ချစ်စရာအကျင့်လေးရှိတယ် တစ်ညလုံးမအိပ်ဘဲ ထိုင်ထိုင်ကြည့်နေမိတဲ့ ကျွန်တော် မြင်လိုက်ရတဲ့ Geအကျင့်လေးပေါ့
Geအဲလိုလေး အကျီလှန်လို့ ဗိုက်ကလေးကို ကုတ်တိုင်း ပေါ်လာတဲ့ဗိုက်ဖြူဖြူလေးကို ကိုက်ချင်တာအရမ်းပဲ Geရယ်
Geကို ကျွန်တော် ချစ်တယ် ခုထက်ပိုလေးနက်တဲ့ စကားလုံးမျိုးရှိရင်ကောင်းမယ် Geအတွက်ပြောချင်လို့
Yibo ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်နေတာမို့ Johnအနားရောက်လာတာမသိလိုက်ဘူး

"Yibo"

"John ဘာလဲ"
Yiboလက်ထဲက သောက်လက်စ Whisky ခွက်လေးကို ဘေးမှာချလိုက်တယ်

"မင်း Xiao Zhan Ge ကို လွမ်းနေတာလား"
Yiboရဲ့စိတ်ကို ထိုးဖောက်မြင်နိုင်တဲ့ Johnက ပြုံးပြုံးလေးမေးလိုက်တယ်

"အင်း လွမ်းတယ်"
ခပ်ရေးရေးလေးပြုံးကာပြောလိုက်တယ်

"မင်းလွမ်းရင်သွားလေ ဒီကအလုပ်တွေ ငါတစ်ယောက်တည်း လုပ်ထားလိုက်မယ် သွား သွား "

"တကယ်..တကယ်ကြီးလား"
ဝင်းပသွားတဲ့Yiboမျက်နှာကြောင့် Johnပြုံးပြီးခေါင်းငြိမ့်ပြလိုက်တယ်
Yiboတစ်ယောက် အပျော်ကြီးပျော်သွားတယ် Johnကိုလည်းကျေးဇူးတင်မိတယ် မှောင်ခိုဈေးကွက်ဘက် ကအလုပ်တွေက နှစ်ယောက်လုပ်တာတောင် သေအောင်ပင်ပန်းတာ ခုလိုတစ်ယောက်တည်းလုပ်ရမယ်ဆို အရမ်းကို ပင်ပန်းမဲ့ ကိစ္စ
John ကျေးဇူးပါကွာ

အချစ်ကြီးသူ  (Complete)Where stories live. Discover now