အပိုင်း(6)

3.1K 211 2
                                    

အချစ်ကြီးသူ
9️⃣9️⃣9️⃣

အပိုင်း (6)

အချစ်ဆိုတာ နှုတ်ကဖွင့်ပြောမှအချစ်လား ကောင်လေး
အချစ်ဆိုတာ သည်းသည်းလှုပ်ချစ်ပြမှ အချစ်စစ်လို့ခေါ်တာလား
ကောင်လေးရေ ငါ့အတွက်တော့ အချစ်ဆိုတာ ချစ်နေရင် ပြီးတာပဲလေ
နှုတ်ကတော့ ဖွင့်မပြောပါရစေနဲ့ မဖြစ်နိုင်တဲ့ ဘဝနှစ်ခုကို ညှိမယူချင်ဘူး ထပ်တူကျဖို့ ညှိယူရင် မင်းရော ငါရော အနားသတ်မှာ ဒဏ်ရာတွေနဲ့ ဖြစ်နေလိမ့်မယ်
သည်းသည်းလှုပ် ချစ်ပြဖို့အတွက် ရှေ့တိုးမယ့် ငါ့ခြေလှမ်းတွေကို ငါ့အသက်အရွယ်နဲ့ ရင့်ကျက်မှုက နောက်ကနေဆွဲထားတယ်
ကောင်လေးရေ အသက်ကြီးမှ နွားအို မြက်နုမကြိုက်ချင်ဘူးကွာ
မင်းတော့ ဘယ်တော့မှ မသိနိုင်ပါဘူး
မဟုတ်ဘူး တကယ်တော့ ငါကိုယ်တိုင်က မင်းသိအောင် ဖော်မပြခဲ့တာပါ
မင်းကိုစတွေ့ထဲက မင်းရဲ့ မျက်နှာနုနုလေးကို စသတိထားမိတာ
ဒဏ်ရာတွေကြောင့် နာကျင်နေတဲ့ မင်းကို ဂရုဏာသက်မိတာ
မင်းမျက်လုံးထဲက အထီးကျန်တဲ့အရိပ်အရောင်တွေကို ငါ့ရဲ့မေတ္တာနဲ့ ဖယ်ရှားပေးနေမိတာ
မင်းရဲ့ ကိုယ်ငွေ့လေးကို မသိမသာ ခိုးရှူခဲ့မိတာ
မင်းဘဝက ဘယ်လောက်တောင်ကြမ်းတမ်းခဲ့လဲဆိုတာ ပြနေတဲ့ မင်းလက်ဖဝါး ကြမ်းကြမ်းလေးကို မင်းအိပ်ပျော်သွားတဲ့အချိန်တိုင်း ဆုပ်ကိုင်ပေးမိတာ
မင်းရဲ့ အချစ်တွေပြည့်နေတဲ့ မျက်ဝန်းရွဲကြီးကို မသိသလို ဟန်ဆောင်နေရတာ ငါ့အတွက် ပင်ပန်းနေပြီ ကောင်လေးရေ
ငါလေ မင်းကို ဝန်ခံချင်တယ် မင်းကို အရမ်းချစ်တာပဲလို့
ဒါပေမဲ့ ကောင်လေးရေ
ယောက်ျားချင်းကြိုက်နေကြတယ် ဆိုတဲ့ အချက်က ငါတို့လို လူငယ်တွေအတွက် ပုံမှန်ဖြစ်ပျက်တစ်ခု ဆိုပေမဲ့ ရှေးရိုးစွဲရှိတဲ့ ငါ့မိဘတွေ အတွက်က အရှက်သိက္ခာ ဖြစ်နေတယ်
မင်းအချစ်တွေကို ငါလက်မခံပါရစေနဲ့ ပြီးတော့ ငါ့အချစ်တွေကိုလည်း မမျှော်လင့်စေချင်ဘူး
ကောင်လေး မင်းအသက်ငယ်ပါသေးတယ် မင်းအတွက် အချစ်တွေ ဆိုတာ အများကြီးရှိလာမှာပါကွာ
Yiboမသိအောင် ကွယ်ဝှက်ထားတဲ့ Xiao Zhanရဲ့ ရင်ထဲက အချစ်ရဲ့ထုထည်က ကြီးမားလွန်းပါတယ် ခိုင်မာတယ် ဒါပေမဲ့ ထုတ်ဖော်ပြသဖို့လည်း အရမ်းခက်ခဲနေတယ်
Xiao Zhan အတွေးထဲမှာ နစ်မြောနေရင်း သူ့အမေအသံကြောင့် အတွေးတွေ လွင့်စင်သွားတယ်
"သား Xiao Zhan"

အချစ်ကြီးသူ  (Complete)Where stories live. Discover now