အပိုင်း(2)

9.4K 342 3
                                    

အချစ်ကြီးသူ
9️⃣9️⃣9️⃣

အပိုင်း(2)

"မင်း သတိထားပါ ငါမြေး မင်းဘဝမှာ မသနားသင့်တဲ့လူကို သနားမိပြီး မင်းရဲ့အသက်ဆုံးရှုံးရလိမ့်မယ်"

"ဗျာ!!!!!"

Xiao Zhan လန့်ပြီးအိပ်ယာကနိုးလာခဲ့တယ်
ဘေးစားပွဲပေါ်က ရေဘူးကို တစ်ဝယူသောက်လိုက်ပြီး ခဏအမောဖြေလိုက်တယ်
သူခုအိမ်မက်ကို ဘာလို့ပြန်မက်နေမှန်းမစဉ်းစားတတ်ပါ သူအသက် ၁၅နှစ်လောက်က အိမ်ကယုန်လေးတွေဖို့ဆလပ်ရွက်သွားဝယ်ရင်း ရောင်းတဲ့ အဘကြီး ကပြောလိုက်တဲ့စကားပါ ဒီအတိုင်းအမှုမဲ့အမှတ်မဲ့နေခဲ့တယ် ခုတော့ ဘာလို့ပြန်မက်နေမှန်းမသိ
စောင်ခြုံပြီး ပြန်အိပ်လိုက်တယ် ခေါင်းခြောက်ခံစဉ်းစားစရာမှမလိုတာပဲလေ

....................

Xiao Zhan လက်ဖက်ရည်ဆိုင်မှာ ခေါင်းငိုက်စိုက်ကျကာ ထိုင်နေမိတယ် လက်ထဲက သတင်းစာကိုလည်း လုံးချေမိတယ်

"Xiao Zhan ဒီနေ့လည်း အလုပ်မရလာပြန်ဘူးလား"
တစ်ယောက်တည်းသော သူငယ်ချင်း မင်ဟို က သူ့ပုခုံးကို ပုတ်ကာမေးလိုက်ပြီး ခုံဆွဲ၍သူ့ဘေးမှာထိုင်လိုက်တယ်

"အေးကွာ စိတ်လေတယ် ခုချိန်ထိ အလုပ်ကလည်း မယ်မယ်ရာရာမရှိပါဘူးကွာ"

"အေးပါ သူငယ်ချင်းရာ တစ်ဖြည်းဖြည်းနဲ့တော့ရလာမှာပေါ့ကွာ ကဲကဲ ငါလည်း သွားတော့မယ် အလုပ်ပြန်ဝင်ရဦးမှာမို့ အားတင်းထား"
Xiao Zhan စိတ်မပါစွာ ခေါင်းငြိမ့်ပြလိုက်တယ် မင်ဟိုထွက်သွားသည့်တိုင် ထိုနေရာမှာပဲ အကြာကြီးထိုင်နေမိတယ်
ကံကောင်းအောင်ဆိုတဲ့ အတွေးနဲ့ တောင်ပေါ်က ဘုရားကျောင်းကို သွားတာ ဘုရားဝတ်ပြုဆုတောင်းမိတယ်
ညနေစောင်းထိဘုရားကျောင်းမှာပဲနေလိုက်တယ်
စိတ်လည်းအတော်အေးချမ်းသွားသလို ခံစားရတယ်
နည်းနည်းမှောင်လာတာကြောင့် Xiao Zhan
ဘုရားကြောင်းက ထွက်လာခဲ့တယ်
တောလမ်းလေးကနေ မြို့ထဲပြန်သွားတာမို့
လမ်းတစ်လျှောက် အမှောင်ထုသာကြီးစိုးနေတယ် လရောင်မှိန်မှိန်က ဟိုတစ်ကွက်ဒီတစ်ကွက် ကျနေတယ်
အသံတွေကလည်း ဟိုးချွတ်ချွတ် ဒီချွတ်ချွတ်နဲ့;  အနည်းငယ်ကျောချမ်းလာတာနဲ့ ကျောပိုးအိတ်ထဲက
အိတ်ဆောင် flash light လေးကို ထုတ်ကာ ထွန်းလိုက်တယ်

အချစ်ကြီးသူ  (Complete)Where stories live. Discover now