အပိုင်း(7)

3K 207 0
                                    

အချစ်ကြီးသူ
9️⃣9️⃣9️⃣

အပိုင်း(7)

Xiao Zhan , coffee ဆိုင်ကနေ လေးလံတဲ့ခြေ လှမ်းတွေနဲ့ ပြန်လာခဲ့တယ်
Yiboကတော့ coffee ဆိုင်မှာ ဆက်နေဦးမယ်ဆိုပြီး ကျန်ခဲ့တယ်
Yiboကို ထားခဲ့ရတဲ့အတွက် စိတ်ထဲမသက်သာလှပါဘူး
ထားခဲ့တဲ့သူနဲ့ ကျန်ခဲ့ရတဲ့သူမှာ ကျန်ခဲ့ရတဲ့သူက ပိုနာကျင်ရတယ်တဲ့
မဟုတ်ဘူး ကောင်လေး ငါက မင်းနဲ့အတူ ငါ့နှလုံးသားကိုပါ ထားခဲ့ရတာမို့ ငါ့အတွက်တော့ နာကျင်တယ် ဆိုတာထက်ပိုတယ်
မဖြစ်သင့်ဘူး ဆိုတဲ့ အတွေးတွေကြောင့် မင်းကို ငါ ရင်နာနာနဲ့ ကျောခိုင်းခဲ့မိတယ်
ကိုယ်အရမ်းချစ်တဲ့သူကို ချစ်တယ် လို့ တစ်ခါမှတောင် မပြောဘဲ ထားခဲ့ရတာ ငါ့အတွက် ဘယ်လောက်တောင် ပင်ပန်းရလဲကွာ
ငါ့ရဲ့အချစ်တွေ ဟန်ဆောင်ဖုံးဝှက်လို့တောင်မရတာမို့ မင်းရိပ်မိသွားပေမဲ့ ငါဝန်မခံချင်ဘူးကွာ
Xiao Zhan အိမ်ထဲဝင်ဝင်ချင်း တစ်ရှူးဘူးနဲ့ အပေါက်ခံလိုက်ရတယ်
"အခြောက်ကောင်!!!!!!!!!"
အမေ့ရဲ့ ဒေါသသံ

"မေကြီးရယ် စိတ်ကို ထိန်းမှပေါ့"
အဖေရဲ့ နှစ်သိမ့်မှုနဲ့အတူ ပန်းအိုးနဲ့ထပ်ပစ်မယ် အမေ့ရဲ့လက်တွေကို ထိန်းပေးထားတယ်

"ဘာလို့စိတ်ကိုထိန်းရမှာလဲ ဒီလိုကောင်မျိုးမွေးထားရတာ ဝမ်းရေးစပ်တယ်"
လို့ပြောကာ မျက်ရည်တွေနဲ့အမေ့ကို မြင်လိုက်ရတယ်
Xiao Zhanနားမလည်နိုင်စွာနဲ့ အမေ့နားကို သွားကာပုခုံးလေးကို ကိုင်ဖို့ လက်လှမ်းတော့ အမေက စိတ်ဆိုးနေတဲ့မျက်လုံးနဲ့ကြည့်ကာ လက်တွေကို ပုတ်ထုတ်လိုက်တယ်
"ဖယ်စမ်းပါဟယ် နင် ငါ့ကို မထိနဲ့ "

လူမှန်းသိတတ်စအရွယ်တည်းက ခုချိန်ထိ အမေက ကျွန်တော့်ကို နင်/ငါ ဆိုတဲ့ အသုံးအနှုန်းမသုံးဖူးပါဘူး ခုအခြေအနေမှာ သုံးလိုက်တဲ့အတွက် အမေ ဘယ်လောက်တောင် စိတ်ဆိုးဒေါသထွက်နေမယ်ဆိုတာ သိသာပါတယ်
အဖေကတော့ မျက်နှာရိပ် မျက်နှာကဲနဲ့ အခန်းထဲသွားဖို့ပြတယ်
ခုအခြေအနေမှာ အမေ့ကို ရှောင်တာ ပိုကောင်းမယ်ဆိုတဲ့အသိကြောင့် အခန်းထဲ ဝင်ဖို့ အလုပ်မှာ
"Xiao Zhan နင့်မှာကြိုက်စရာ မိန်းကလေး အဲလောက်တောင်ရှားလား ဒီအသက်အရွယ်ထိ ရည်းစားမထားဘဲ နေလာတာကို ငါကတော့အဟုတ်ကြီးမှတ်နေတာ တကယ်တော့ နင်က အခြောက်ကောင်ပဲ ပြောစမ်း နင်နဲ့ နမ်းနေတာ ဘယ်ကအကောင်လဲ ခုပြော နင့်ကိုကော အဲအကောင်ကို ပါ ငါ သေအောင်ရိုက်မယ် ပြောစမ်း Xiao Zhan"
ပြောနေရင်း မျက်ရည်တွေပါ ကျကာ အသားတွေတုန်လာတဲ့အမေ

အချစ်ကြီးသူ  (Complete)Where stories live. Discover now