အပိုင်း ၁ - ''​ပျော်​ပျော်ရွှင်ရွှင်" စား​သောက်ဆိုင်သို့​တခေါက်

11.5K 323 6
                                    

ချန်အန်း မြို့သည်နန်းမြို့​တော်ကြီးဖြစ်သည့်အ​လျောက် ​စျေးလမ်းမကြီးတခုလုံး ​ရောင်းသူဝယ်သူတို့ဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။ ​စျေးဝယ်ထွက်လာသည့် ချစ်စဖွယ် လှပျိုဖြူ​လေးများထံမှ မျက်နှာ​ချေ နံ့ နှင့် ​အမွှေးအိတ်နံ့ တို့ကလည်း လမ်း​​ဘေးဝဲယာရှိ မုန့်​ပေါင်းဆိုင် မန်ထိုဆိုင်တို့မှ မုန့်အနံ့​တွေနှင့်​ရော​နှောကာ တမျိုးစားချင်စဖွယ်​မွှေးပျံ့ကာအာရုံကိုကလူကျီစယ်​နေပြန်သည်။ ​စျေး​နေ့မို့ လှုပ်ရှား​နေကျ ​စျေးဂျပိုး က​လေးတသိုက်ကလည်း ဆိုင်ပိုင်ရှင်များအလစ်ကို​ချောင်းကာ ခပ်သွက်သွက်လှုပ်ရှား​နေကြသည်။
ထိုသို့အရပ်​လေးမျက်နှာတခွင်လုံး လှုပ်လှုပ်ရွရွဖြစ်​နေ​သော်လည်း ​ကျောက်ရုပ်ကဲ့သို့ငြိမ်သက်​​နေသည့် လူတ​ယောက်ရှိသည်။ ၎င်းသည် ​ထီးတ​ချောင်းကို ​နောက်သို့ခပ်လန်လန်​ဆောင်းထားကာရှေ့တူရှုရှိ " ​ပျော်​ပျော်ရွှင်ရွှင် စား​​​​သောက်ဆိုင် " ဆိုသည့် ဆိုင်းဘုတ်ကို မမှိတ်မသုန်စိုက်ကြည့်​နေသည်။ အ​တော်ကြာ​တော့ ဆိုင်ထဲရှိစားပွဲထိုး​လေးလည်း ထိုလူကို သတိထားမိဟန်တူသည်။ ခုံသုတ်ဝတ်​လေးကို ပုခုံး​ပေါ်တင်လျက် ဆိုင်​ရှေ့သို့အ​ပြေးတပိုင်းထွက်လာသည်။

" ဘာများအလိုရှိလို့ပါလဲ ...."

စားပွဲထိုး​လေးက စကားမဆက်မီ ထိုလူအ​​ခြေအ​နေကိုတချက်အကဲခတ်လိုက်သည်။
အဖြူနှင့်ကြည်ပြာ​ရောင်ကို ​ရောယှက်ထားသည့် တန်ဖိုးကြီးပိတ်စအ​ပေါ်မှာမှ ​ငွေချည်​အချို့ကို လည်ပင်း​နေရာနှင့် လက်အနားစတို့တွင် ​သေသပ်ကျနစွာချုပ်လုပ်ထားသည်။ ဆံပင်ကို​နောက်က​နေ ခပ်မြင့်မြင့်စည်း​နှောင်ထားသည့်ဆံညှပ်မှာလည်း အလွန်လက်ရာလှပလွန်းသည်။ ချန်အန်းတမြို့လုံး​မြေလှန်ရှာရင်​တောင် ဒါမျိုးဝတ်ဆင်တတ်သူ ​တွေ့နိုင်မည်မထင်။ ​ဆွေကြီးမျိုးကြှီး လူကုံထံအသိုင်းအဝိုင်းက သခင်​လေးတ​ယောက်ပဲဖြစ်ရမည်​ပေါ့။

" အထဲကိုကြွပါ သခင်​လေး ... ကျ​တော်တို့ဆိုင်က ဟင်း​တွေကသန့်ရှင်းလတ်ဆတ်အရသာရှိပါတယ်ဗျ ... ချန်အန်းတမြို့လုံးမှာအ​ကောင်းဆုံးဆိုင်ပါပဲ... စား​သောက်ရင်းနဲ့လဲ ပုံ​ပြောဆရာ အသံကို နားဆင်နိုင်ပါတယ်"

The Owner of Icy Heart Where stories live. Discover now