အပိုင်း ၂၉ - ​Just call my name

811 120 31
                                    

     ညအ​မှောင်သို့တဖြည်းဖြည်း ချဥ်းနှီးဝင်​ရောက်လာပြီမို့ ယွဲ့အိမ်​တော်တခုလုံး မီးအိမ်များ အလင်းတိုင်များဖြင့် လင်းကျင်း​နေ​အောင်ထွန်းညှိထားသည်။ အ​ခြေအ​နေ​က မကြာမီမိုးသက်မုန်တိုင်းတိုက်​တော့မည်နှယ် အရာအားလုံးငြိမ်သက်​နေသလိုခံစား​နေရ​သည်။ စံအိမ်​တော်ရှိ လူအားလုံး သတိဝီရိယဖြင့် တစုံတရာကို​​စောင့်​မျှော်​နေကြသည်မို့ အသက်ပင်ရဲရဲမရှုရဲကြ​ပေ။

" ​ရှောင်ရန် ....မင်း အိပ်ချင်​နေရင်သွားပြန်အိပ်​လေ...ဒီမှာ ငါ​စောင့်​နေလိုက်မယ် "

ကျိုး​ရှောင်​လော့ က အိပ်​ရေးမဝသည့်ပုံနှင့် မျက်​မှောင်ကြီးကျုံ့ ​နေသည့်  ​ရှောင်ပင်းရန် ကို ​ရေ​နွေးထိုင်​သောက်​နေရာကလှမ်း​ပြောသည်။ အခြားသူ​တွေကို အားလျှိုလေးအနားမှာအများအပြား​စောင့်ခိုင်းထား​ပေမယ့် သူတို့နှစ်ဦးက​တော့ လိုရမယ်ရအ​နေဖြင့် ယွဲ့သခင်ကြီးအိပ်​ဆောင်မှာလာ​ရောက်​စောင့်ကြပ်​ပေး​နေခြင်းဖြစ်သည်။

" ကျ​နော် မအိပ်ချင်​​သေးဘူး...အ​ဆောင်မှူးအစ်ကို "

" ဒါဆို ​ကောင်းပြီ "

သိပ်မကြာလိုက်  ​ရှောင်ပင်းရန်ကတခုခုကို​တွေး​တောမိသွားသည့်ပုံဖြင့် သူ့ဘက်သို့လှည့်ကာ....

" အ​ဆောင်မှူးအစ်ကို....ကျ​နော့်အထင် အားလျှိုတို့ဘက်မှာ လူအင်အားလို​သေးတယ်လို့ထင်တယ်...ဒီမိစ္ဆာက အ​ကောင်ကြီး​နေပြီဆို​တော့ အစ်ကိုပါသွား​စောင့်​နေသင့်တယ် "

" အင်း...ငါလည်းအဲ့လိုပဲ​တွေးတယ်...ဒီကိစ္စကိုအ​တွေ့အကြုံမရှိတဲ့လူ​တွေလက်ထဲပစ်ထားလို့မရဘူး....​ကောင်းပြီ...ဒါနဲ့ မင်းတ​ယောက်တည်းအ​ဆင်​ပြေတာ​သေချာရဲ့လား " 

​ပင်းရန် ကသူ့ပုခုံးပေါ်တွင်တက်အိပ်​နေသည့် စိတ်ဝိညာဥ်ငါးဖြာနတ်သစ်သီးကိုလက်ညိုးညွှန်ပြလိုက်ပြီးပြန်​ဖြေသည်။

" စိတ်မပူပါနဲ့ အ​ဆောင်မှူးအစ်ကို...တခုခုဖြစ်လို့ရှိရင် ဒီသစ်​တော်သီးကိုနှိုးပြီး အစ်ကို့ဆီလာအ​ကြောင်းကြားခိုင်းလိုက်မယ်... "

The Owner of Icy Heart Where stories live. Discover now