အပိုင်း ၁၁ - အကြံ​ကောင်းတချက်

1K 144 21
                                    

         စူးရှင့်​​တောင်​ခြေပတ်လမ်း၏အစွန်ဆုံးခပ်ကျကျ​ဝါးရုံ​တောလမ်း​လေး​ဘေးတွင်ထမင်းစား​ဆောင်က တခြားစာသင်​ဆောင်များ အခန်းများနှင့်တွဲဆက်၍မ​​နေပဲ တသီးတခြားတည်ရှိ​နေသည်။ ​​နေ့တ​နေ့၏လုပ်ငန်းတာဝန်များပြီးဆုံးချိန် ည​နေခင်းမို့လားမသိ။ ​အေး​အေးလူလူပင်ည​စာလာ​ရောက်စားကြသည့် စူးရှင့်ဂိုဏ်းသားများ၏ ရယ်​မောသံ စကားစမြည်​ပြောဆိုသံတို့ဖြင့် အ​ဆောင်တခုလုံးလှုပ်ရှားတက်ကြွလို့​နေ၏။
             
             " ညီ​လေးပင်းရန်...."

            သူ​မော့ကြည့်လိုက်​တော့ ​ကျောက်ယွင်​ဖေးကလက်ဟန်​ခြေဟန်ဖြင့်အနားတိုးလာရန်အချက်ပြ​နေသဖြင့် သူအလိုက်သိစွာ ကိုယ်ကို​ရှေ့စားပွဲသို့ကိုင်းလိုက်သည်။

            "  ငါ​ပြောမယ် ညီ​လေး... ဒီအစ်ကိုက မင်းအတွက်အိပ်ဖို့​နေရာ​​ကောင်း​ကောင်းတခုကိုလိုက်ရှာ​​ပေး​နေတာ...မ​နေ့တည်းကပဲ...ခုန​လေးတင်ပဲသတင်းတခုရလာတယ် ..."

            " ဟာ...​အဟုတ်ပဲလား..အစ်ကိုယွင်​ဖေး!"

           " ဒါ​ပေါ့...အဲဒီ​နေရာမှာဘယ်သူမှမ​နေကြဘူးတဲ့...ပင်မအ​ဆောင်​တွေနဲ့လည်း​ဝေး​တော့နား​အေးပါး​​အေးလည်းဖြစ်တယ်....အဲ.. ဒါ​ပေမဲ့...တခု​တော့ပြသနာရှိ​နေတယ် "

         " ဘာပြသနာလဲ...အစ်ကိုယွင်​ဖေး  "

      " အဲ့ဒီ​နေရာက...အင်း....တ​စ္ဆေ...တ​စ္ဆေ​ခြောက်တယ်တဲ့... "

        " ဟားဟားဟား....ကျ​နော်ကဘာများလဲလို့....တ​စ္ဆေ​ခြောက်တာ​လေးကိုပြသနာတဲ့လား....ကိစ္စမရှိဘူး  အစ်ကိုယွင်​ဖေး .... ကျ​နော်သွား​နေမယ်...ကျ​နော့်ကိုလမ်းသာညွှန်​ပေး  "

         " ဖြစ်ပါ့မလား  ညီ​လေးပင်းရန်...အဲ့ဒီဂူက ​တော်​တော်​လေးကို​ခြောက်ခြားစရာ​ကောင်းလို့ အစဥ်အဆက် ဘယ်ဂိုဏ်းသားမှအဲ့ဒီနားမကပ်ရဲကြဘူးတဲ့​နော်  "

         " ပြသနာမရှိပါဘူး ..ကျ​နော်တို့မျိုးရိုးကိုက နတ်ဆရာမျိုးရိုးပါ အစ်ကိုယွင်​ဖေးရဲ့...သရဲတ​စ္ဆေ  ​ကောင်း​ကောင်းနိုင်ပါတယ်..စိတ်မပူပါနဲ့  "

The Owner of Icy Heart Where stories live. Discover now