အပိုင်း ၃၁ - ငရဲပြည်သို့​ခြေဆန့်ပြီ

694 118 41
                                    

ယွဲ့အိမ်​တော်ဝင်း၏ အဝင်ဝ မုခ်ဦးတွင် အသက် ၃၀​ကျော်ခန့် စာ​ပေသမားပုံစံ ​ယောကျာ်းတဦးနှင့် အ​စောင့်နှစ်​ယောက်တို့ ရုန်းရင်းဆန်ခတ်​တွေဖြစ်​နေကြ၏။ ထိုလူ၏​ကျောတွင်လည်း အသက်ငါးနှစ်ခန့် အရွယ် ချစ်စရာက​​လေးငယ်တဦးကိုလည်း ​ကျောပိုး၍ချီထား​သေးသည်။ အနီးအပါးရှိ ဖြတ်သွားဖြတ်လာပြု​နေ​သော လူအ​ပေါင်းတို့ကလည်း မသိမသာလှည့်ကြည့်သွားကြရာမှ ​နောက်ဆုံး သိသိသာသာကြီးကို ပွဲကြည့်သလိုမျိုး ယွဲ့အိမ်​တော်ပတ်ဝန်းကျင်တွင် ရပ်၍ဝိုင်းအုံကြည့်​နေကြသည့်အ​ခြေအ​နေသို့​ရောက်လာချေပြီ။

" ကျုပ်...ကျုပ် အခုပဲ အမတတန်ခိုးရှင်​​တွေကို ​တွေ့ရမှဖြစ်မယ်...​​နောင်ကြီးတို့...​ကျေးဇူးပြုပြီး ကျုပ်ကို အထဲဝင်ခွင့်​ပေးပါဗျာ..."

" အတင့်ရဲလိုက်တာ! ​​ဟေ့! ...ဟေ့လူ....ဖယ်စမ်း!...ရှေ့ဆက်တိုးမလာနဲ့​နော်...​ခြေတလှမ်းထပ်လှမ်းတာနဲ့ အိမ်ကိုတွားသွားပြီးပြန်ရ​အောင် ရိုက်​ထည့်ပေးလိုက်မယ်... "

အိမ်​တော်စောင့်၏ တင်းမာသည့်အပြုအမူ​ကြောင့် ​ကျောဘက်ရှိက​လေးငယ်က ထိတ်လန့်သွားရကာ အာ​ခေါင်ခြစ်ပြီး​အော်ငို​တော့သည်။ ဝဝကစ်ကစ် ပါး​ဖောင်း​ဖောင်း​လေးမို့ ​အပူ​ငွေ့​ပေးထားသည့်ပေါက်ဆီ​လေးနှင့်ပင်တူ​နေ​​​ချေသေး၏။

" အီးဟီးဟီး...!! ​...သား​ဖေ​ဖေကိုမရိုက်ကြပါနဲ့...အီးဟီးဟီးဟီး.... အိမ်ပြန်ချင်တယ်!..."

" ​ရှောင်လုံ!...သား​လေး... မငိုပါနဲ့ သားရယ်...​ဒီအ​ဖေကဘာမှမဖြစ်ပါဘူး...တိတ်​တော့​နော်...မငိုနဲ့..."

" ဘာ​တွေဖြစ်​နေကြတာလဲ? "

​ကျောဘက်ရှိသားငယ်ကို ​ချော့မြူ​နေခိုက် သြဇာတိက္ကမဖြင့်ကြွယ်ဝ​နေသည့် စကားသံကိုကြားလိုက်ရသဖြင့် ဝူချန် တ​ယောက် ​ရှေ့သို့ပြန်လှည့်ကြည့်မိလိုက်သည်။

" ဟင်! "

အဖြူ​ရောင်လွှလွှ ဘရိုကိတ်ထည်​ပေါ်မှာမှ ခရမ်းနု​ရောင်အနားကွတ်ထားသည့် ဝတ်ရုံဆင်တူ​တွေနှင့် လူတစုက အိမ်​တော်တံခါးဝမှထွက်လာကြသည်ကိုအားလုံးမြင်လိုက်ကြရ၏။ ဝတ်ရုံရင်ဘတ်​တွေမှာ မီးလျှံ ကြိုးကြာငှက် တိမ်လွှာ စသည်ဖြင့် မတူညီသည့် ရုပ်ပုံတံဆိပ်တို့ကိုလည်း အနုစိတ်ပန်းထိုးထား​​သေးသဖြင့် တချက်ကြည့်လိုက်သည်နှင့် သာမန်လူတွေမဟုတ်မှန်းသိသာ​​နေသည်။​

The Owner of Icy Heart Nơi câu chuyện tồn tại. Hãy khám phá bây giờ