အပိုင်း-၂၃ ​ပုံရိပ်​ယောင်​ကမ္ဘာထဲသို့ဝင်​​ရောက်ခြင်း

874 130 18
                                    

           ​​မနက်ခင်း​နေ၏​​ရောင်ခြည်အလင်းက စူးရှင့် ဂိုဏ်းပုရဝုဏ်တခွင်ကို ရစ်သိုင်းလွှမ်းခြုံထားသဖြင့်​နွေး​ထွေး​တောက်ပလို့​နေသည်။ ​မိုးမခပင်တန်းကြီး၏ငြင်သာယိမ်းနွဲ့​နေ​သော​လေတိုးသံ ကျေးငှက်တို့၏ ကျီကျီတျာတျာအသံများ ဂိုဏ်းသားများ၏လှုပ်လှုပ်ရွရွအသံတို့ဖြင့် ​လေ့ကျင့်​ရေးကွင်းတခုလုံးအသက်ဝင်လှုပ်ရှား​နေ၏။ ဒီ​နေ့  စူးရှင့်ဂိုဏ်းသားအားလုံးအတွက် အ​ရေးကြီးသည့်ပွဲတခုရှိသည်။

             စူးရှင့်ဂိုဏ်း၏စည်းကမ်းအရ တစ်နှစ်လျှင်တခါကျ ​မှော်လက်နက်​ရွေးချယ်ပွဲကြီးကျင်းပ​​​လေ့ရှိသည်။ ​မှော်လက်နက်​ရွေးချယ်ပွဲဆိုတာထက် လက်နက်ကသူနှင့်ထိုက်တန်သည့် ပိုင်ရှင်ကိုပြန်ရွေးချယ်တာလို့​ပြောရင်ပိုမှန်လိမ့်မည်။ ​မှော်လက်နက်ကိုယ်ပိုင်မရှိ​သေးသည့်မည့်သည့်စူးရှင့်ဂိုဏ်းသားမဆို အဆိုပါပြိုင်ပွဲကို ချွင်းချက်မရှိပါဝင်ခွင့်ရှိ၏။ ပြိုင်ပွဲဝင်သူများသည် ပုံရိပ်​ယောင်သီးခြားကမ္ဘာတခုထဲကိုဝင်ရမည်ဖြစ်ပြီး ထို​နေရာ၌ ​​မှော်လက်နက်​ပေါင်းများစွာကြိုတင်ထည့်သွင်း​ပေးထားသည်။ သို့​သော် ထိုလက်နက်များသည် ယင်းကမ္ဘာထဲတွင် နတ်ဆိုးသားရဲဝိညာဥ်များအသွင်ဖြင့်လှည့်လည်သွားလာ​နေမှာဖြစ်ပြီး ၎င်းတို့ကိုအနိုင်တိုက်နိုင်မှသာ သက်ဆိုင်ရာ​မှော်လက်နက်ကိုပိုင်ဆိုင်နိုင်ပြီးထိုကမ္ဘာထဲမှထွက်နိုင်မှာဖြစ်၏။ ထိုအ​ကြောင်း​ကြောင့် ​နောက်တွန့်​နေသူများရှိသလို ဒီတခါ​တော့ဖြင့် အ​ကောင်းဆုံးဆိုတာကိုအရယူလိုက်မဟဲ့ ဟုကြိမ်းဝါး​နေသူများလည်းတပုံတပင်။

            အကယ်၍ ခင်ဗျားကထိုပုံရိပ်​ယောင်​လောကထဲတွင် ဒဏ်ရာရသည်ပဲဖြစ်ဖြစ် ဆက်လက်မယှဥ်ပြိုင်​တော့လို့ပဲဖြစ်ဖြစ် ​မှော်လက်နက်ရပြီး၍ပြိုင်ပွဲမှထွက်ချင်လို့ပဲဖြစ်ဖြစ် ​ကောင်းကင်​ပေါ်သို့ သက်ဆိုင်ရာအ​ဆောင်အမှတ်တံဆိပ်မီးပန်းလွှတ်တင်လိုက်သည်နှင့် အထဲတွင်လှည့်ပတ်သွားလာ​နေကြသည့်အ​ဆောင်မှုူးများနှင့်ဂိုဏ်းဆရာများကလာ​ရောက်​ခေါ်​ဆောင်သွားကြမည်ဖြစ်သည်။ ယင်းပုံရိပ်​ယောင်​​လောကထဲတွင်အမျိုးအမည်မသိနိုင်​သောအန္တာရာယ်ရှိ နတ်ဆိုးသားရဲများရှိ​နေနိုင်သည့်အတွက် ထိုကဲ့သို့ကယ်ဆယ်​ရေးအစီအစဥ်များစီစဥ်ထား​ပေးရခြင်းဖြစ်သည်။နှစ်​ပေါင်း​ထောင်ချီကြာ​အောင် အဆက်ဆက်ထိန်းသိမ်းလာသည့် အစဥ်အလာမို့ အနည်းဆုံးဝက်ခုတ်သည့်ဓါးပဲရရ ဂိုဏ်းအကြီးအကဲဆရာများကိုယ်တိုင်က ၎င်းတို့၏တပည့်မှန်သမျှကိုပါဝင်ဆင်နွဲ​စေလိုကြသည်။

The Owner of Icy Heart Hikayelerin yaşadığı yer. Şimdi keşfedin