အပိုင်း ၁၂ - မင်ယွဲ့ဂူမှ မိစ္ဆာ

1K 136 17
                                    

      ​ရှေ့သို့နာရီဝက်ခန့် ​တောလမ်း​လေးအတိုင်း ဆက်​လျှောက်လာလိုက်​တော့ ​ရေညှိအလိမ်းလိမ်းတက်​နေသည့်  ဂူကြီးတဂူကို​တွေ့လိုက်ရသည်။ ဂူ​ပေါက်ဝမှာ တိုက်ကပ်နွယ်ပင်အချို့​ကြောင့်ရှုတ်​ထွေး​နေပြီး ဂူတွင်းထဲသို့ပင် မမြင်ရသ​လောက်ဖြစ်​နေပြီ။ လူသူကင်းရှင်းသည်မို့စိတ်​ကျေနပ်သွားဟန်ဖြင့် တချက်ပြုံးလိုက်ပြီး ဂူအတွင်းကို ဝင်လိုက်သည်။

          " ဂီး....ဂီး...."

          " ဖလတ်....ဖလတ်..."

         လူဝင်လာသည်မို့ အိပ်စက်​နေကြသည့် လင်းနို့တသိုက်က ​ကြောက်လန့်တကြား မြည်သံ​ပေးကာ အုပ်လိုက်ကြီးထပျံကြသည်။ ဂူတခုလုံးလည်း လင်းနို့​အညစ်အ​ကြေးများဖြင့်ပြည့်နှက်​နေ၏။ တကူးတက လှည်းကျင်းမဲ့သူမရှိ၍အနံ့အသက်ကလည်းမကောင်း။

            " ဟွန်း...​​ပြော​တော့ဒီမှာသရဲရှိတယ်ဆို...အဲ့ဒီသရဲက အလုပ်မလုပ်ဖူးထင်တယ်... ကိုယ်​နေတဲ့​နေရာကို​တောင် ရှင်းလင်းရ​ကောင်းမှန်းမသိဘူး  အသုံးမကျတဲ့ သရဲပဲ "

          "   နင်  ဘာ​ပြောလိုက်တာလဲ ! "

          "........"

          မိန်းက​လေးအသံပီပီသသကြီးက ဂူနံရံ​တွေမှတဆင့်​ကျောချမ်းဖွယ်လွင့်ပျံလာသည်။ လူရိပ်လူ​ခြေက​တော့ မြှူမှုန်ပင်မ​တွေ့ရ။ ​သာမန်လူဆို ​ကြောက်စိတ်​ကြောင့် ​ခွေး​ပြေး ဝက်​ပြေး ​ပြေး​နေ​လောက်ပြီ။ ပင်းရန်တချက်ဟက်ကနဲရယ်လိုက်ပြီး

          "  ​သြော်....မထင်ထားမိဘူး....သရဲက မိန်းက​လေးဖြစ်​နေတာကိုး .... အဲ့ဒါဆိုထင်ထားတာထက်အ​ခြေအ​နေပိုဆိုး​နေတာပဲ ... ဧကန္တ .... ဒီလိုအိမ်တွင်းမှုမနိုင်နင်းပုံမျိုးနဲ့ဆို  ​အိမ်​ထောင်မပြုရ​သေးဘဲ​သေသွားလို့ မကျွတ်​လွတ်နိုင်တဲ့ သရဲပဲဖြစ်ရမယ်..."

          ".....နင်!... ​သေဖို့ပြင်စမ်း!..... "

          "...... ရွှီး ....ဝှစ်...ဝှစ် ! "

         သရဲမ၏ကြိမ်းဝါးသံနှင့်အတူ  ဂူမျက်နှာကြက်အထက်မှ​ကျောက်စက်ပန်းဆွဲတချို့ သူ့အ​ပေါ်ကိုပြုတ်ကျလာသည်။ ကိုယ်ကို အသာ​လေးတိမ်း​ရှောင်ကာ နံရံဘက်သို့ကပ်လိုက်သည်မို့ ရှရာ​​လေးတောင်ထင်မသွားခဲ့။ ​ဂူအတွင်းတုန်ခါမှုတချက်ဖြစ်​ပေါ်သွားပြီး ​ကျောက်စိုင်ခဲများက ပင်းရန်ကိုဦးတည်ကာ အရပ်​လေးမျက်နှာမှ လွင့်ပျံရိုက်ခတ်လာကြသည်။ ဒီတခါ​​တော့ရှောင်​မ​နေတော့ပဲ ညာလက်ကိုတချက်​ဝေ့ယမ်းလိုက်ရုံဖြင့် ထို​ကျောက်စိုင်များကိုအစိတ်စိတ်အမွှာမွှာဖြစ်​စေလိုက်သည်။ 

The Owner of Icy Heart Where stories live. Discover now