အပိုင်း ၂၄ - လှည့်စားခြင်း

858 128 58
                                    

     မိန်းမပျိုများ၏ရယ်သံသည် ဆည်းလည်းသံကဲ့သို့ သာယာနာ​ပျော်ဖွယ်​ကောင်းလွန်းသည်မှာ​ယေဘုယျလက္ခဏာပင်ဖြစ်​သော်လည်းယခုရယ်သံကြီးက​တော့ ကြားရသူအဖို့​နောက်​ကျောအထိ​အေးစိမ့်လွန်းသွားရ​လောက်​အောင်​ကျောချမ်းဖွယ်​ကောင်းလှ၏။ ၎င်းက ​မြေပြင်​ပေါ်တွင်လဲကျသွားသည့် ​ရှောင်ပင်းရန်ကို မျက်​တောင်မခတ်ပဲစိုက်ကြည့်​နေပြီး တ​ရွေ့​ရွေ့ဖြင့် သူ့အနားကို​ကပ်လာသည်။ 

   " အဟီဟီး...အထက်ဘုံကနတ်ဆိုလို့ ​ကောင်း​ကောင်းကန်းကန်း​မှတ်တာ...ဟွန့်!...ဘယ်ကနတ်သူငယ်​လေးကိုလွှတ်လိုက်တာပါလိမ့်...​ဒီသခင်မက​​ပျော်စရာ​လေး​တွေဖန်တီးချင်​သေးတာကို..."

    အနှီမိန်းမက ​ရှောင်ပင်းရန်အနားတွင်​ဒူး​ထောက်ထိုင်ချလိုက်ပြီး ၎င်း၏လက်ညိုးကိုပါးစပ်နားသို့​တေ့လိုက်ကာဂါထာတခုရွတ်ဆိုလိုက်သည်။ တမုဟုတ်ချင်းဆိုသလို လက်သည်းခွံမှာ ၆လက်မခန့်ရှည်ထွက်လာရကာ ထိုချွန်ထက်​နေသည့်လက်သည်းရှည်ဖြင့် ​သူ၏နဖူးငယ်ထိပ်တည့်တည့်သို့ချိန်ရွယ်လိုက်၏။

   " အိုက်ယိုး...ချစ်စရာကောင်းလွန်းလို့ သတ်​တောင်မသတ်ရက်ဘူး...ဒါ​ပေမယ့် အလုပ်ကအလုပ်ပဲဆို​​တော့ ဒီအစ်မကိုအပြစ်မတင်ပါနဲ..​ရှောင်တိတိ​လေး "

  " အတင့်ရဲလိုက်တာ! ဘယ်သူက ​ရှောင်တိတိလဲ ! "

  " အား!!!! "

  ၎င်းလက်သည်းချွန်များနှင့် သူ့နဖူးတို့ကြား လက်မဝက်အကွာ​လောက်မှာပင် ​ရှောင်ပင်းရန် မျက်လုံးဖွင့်ကာ လက်ဦးမှုအရင်ရယူလိုက်ပြီး လက်သည်းများကိုအရင်းမှ​လှန်ချိုးပစ်လိုက်သည်။ အနှီမိန်းမပျိုမှာအစိမ်းသက်သက်လက်သည်းဆွဲနှုတ်ခံထားရ​သော​ကြောင့် ​သွေးပျက်ဖွယ်​အော်ဟစ်ကာ​ကြောက်လန့်တကြား​ပြေးဖို့ပြင်သည်။

အ​စောပိုင်း ထိုမိန်းမနားကပ်လိုက်ကတည်းက မိစ္ဆာချီကိုအာရုံခံမိသဖြင့် တမင်တကာကို​​မေ့လဲကျချင်​ယောင်​​ဆောင်လိုက်တာဖြစ်၏။ ချက်ချင်းလက်ငင်းသတ်လိုက်ချင်​ပေမယ့် ဒီပုံရိပ်​ယောင်ကမ္ဘာထဲထိဝင်​ရောက်​နှောင့်ယှက်ရသည့်အ​ကြောင်းရင်းလည်းသိလို​သေးသည်။ လွယ်လွယ်နဲ့​​တော့​သေခွင့် ထွက်​ပြေးခွင့်မ​ပေးနိုင်။ ထို့​​ကြောင့် နတ်မိစ္ဆာဖမ်းချုပ်မန္တန်စည်းတံဆိပ်ဆွဲပြီးပစ်ဖမ်းထားလိုက်ရသည်။

The Owner of Icy Heart Onde histórias criam vida. Descubra agora