.
"မြေးလေး...ဘယ်ကပြန်လာတာလဲကွယ်...""ဘေးအိမ်က...ဦးဦးဆီက ပြန်လာတာပါ...ဖွားဖွား.."
"အိမ်ပိုင်ရှင်...ရောက်လာပြီလား...မြေးလေး..."
.
.
"ဟုတ်..ဖွားဖွား ...ဦးဦးကလေ...အရမ်းချောတာဘဲ...ရုပ်ရှင်မင်းသားတွေထက်တောင်...ချောတယ်...စိတ်ရင်းလည်း အရမ်းကောင်းတာဘဲ....""ဟုတ်လား..ကောင်းပါတယ်ကွယ်...ကဲ..မြေးလေးလည်း...ရေမိုးချိုးတော့....ပြီးရင် ထမင်းစားကြရအောင်...မြေးရဲ့အဖိုးပြန်လာရင်...အရင်နေ့တွေလို့...အရက်မူးပြီး ရစ်နေအုံးမယ်..."
"ဟုတ် ဖွားဖွား..."
.
.
Kim jennie. ..
သူမလေးရဲ့ ဘ၀က အရမ်းသနားစရာ ကောင်းပါတယ်.....
လူမမယ်ကလေးဘ၀...(4)လသားအရွယ် ကတည်းက...သူမရဲ့ မိခင်ဘက်က...အဖွားရဲ့ လက်ထဲကိုရောက်လာခဲ့တာပါ...။..
အဖွားလို့ ခေါ်တယ်ဆိုပေမယ့်...
အသက်မကြီးသေးပါဘူး...
Jen. ..အဖွားဆီ ပြန်ရောက်လာတဲ့အချိန်က
(30)ကျော်လို့ (40)၀န်းကျင်...သာရှိသေးသည်။...
.
Jen ရဲ့အဖွားက...အိမ်ထောင်နှစ်ဆက်ရှိ..အမျိုးသမီးပါ...
.
ပထမတစ်ဆက်က....
Jen. .အမေရဲ့ ဖခင်...လူချမ်းသာအသိုင်းအဝိုင်းကပါ....အဆင့်အတန်းခွဲတတ်တဲ့ jen အဖိုးဘက်က...jen ရဲ့ အဖိုးနဲ့ အဖွားကို ခွဲလိုက်ကြသည်။...ထိုအချိန်ကjen ရဲ့အမေက...အပျိုစင်တစ်ယောက် ဖြစ်နေခဲ့ပြီလေ...ရည်းစားတွေ ထည်လဲထား...ရုပ်ရည်ချောမောသလို...ချမ်းသာပြီး...ငွေရှိတဲ့ သူတွေကိုသာ...ရွေးပြီးပတ်သက်သည်။.....များစွာသော...ရည်းစားတွေထဲမှာ...Lalisa manoban ဆိုသူလည်းပါသည်။...
အဲ့ဒီနောက်ပိုင်း...jen အမေက...ချမ်းသာတဲ့သူတွေရဲ့စရိုက်အတိုင်း...အရွယ်ရောက်လာတာနဲ့...အမျှ...ငွေကိုပိုချစ်လာသည်။.....
.
Jen ရဲ့အဖေက...ဘယ်သူလဲဆိုတာ...jen မသိပါ..။
.
ငွေကိုသာ ချစ်တဲ့ သူမအမေက....
သားသမီးထက် ငွေကို အလေးထားကာ...(4)လသားလေးအရွယ်မှ အခုလက်ရှိ (10)နှစ်အရွယ်အထိ...တစ်ချက်လေးတောင် လှည့်မကြည့်...
နေနိုင်လွန်းလှသည်။
သတင်းအစအနတောင် မကြားတဲ့အထိ...ပြတ်သားလွန်းသည့် jen ရဲ့မိခင်..။
.
.
(10)နှစ်အရွယ်အထိ....
အဖွားဖြစ်သူနဲ့ နေလာရတဲ့...
Jen က...သက်တူရွယ်တူလေးတွေလို...သက်သက်သာသာ..မနေရ...အိမ်မှုကိစ္စအကုန်လုပ်ရသည်။..
အချက်အပြုတ်...ကိုတိုင်လုပ်တတ်အောင်...
သူမရဲ့အ၀တ်ကို...ကိုယ်တိုင်လျှော်တတ်အောင်...အဖွားဖြစ်သူက..သင်ထားပေးသည်။...
.
Jen နဲ့သူမရဲ့ အမေက...ကွာခြားချက်တွေ...အများကြီးရှိသည်။...
.
မိခင်ဖြစ်သူက...မောက်မာသည်။...ငွေမက်သည်။...အလှအပအလွန်အမင် နှစ်သက်သည်။...အိမ်မှုကိစ္စမလုပ်သလို မိဘစကားကိုလည်း ပယ်ရှားသည်။...
.
Jen နဲ့က ဆန့်ကျင်ဘက်...
.
Jen က အေးစက်သည်။ ဖော်ရွေသည်။..အလှအပ..မပြင်မဆင်တတ်...အိမ်မှုကိစ္စနိုင်နင်းသလို...အဖွားရဲ့စကားမကဘဲ...သူမထက်အကြီးမှန်သမျှ ပြောစကားတွေကို မြေ၀ယ်မကျ နားထောင်တတ်သူပါ...စိတ်ရင်းလည်း...အရမ်းကောင်းရှာသည်။
.
.
အခုချိန်မှာတော့....
Jen အဖွားက..ဒုတိယ အိမ်ထောင်နဲ့ပါ...ဒါလဲ jen မမွေးခင်ကတည်းပါဘဲ...
Jen ရဲ့အဖိုးနဲ့အိမ်ထောင်ကွဲပြီး...
၅နှစ်လောက် ကြာမှ အဖွားက အိမ်ထောင် ထပ်ပြုတယ်လို့ jen ကိုပြောပြခဲ့ဖူးသည်။...
.
.
Jen ရဲ့အဖိုးငယ်က..အရမ်းဆိုးသည်၊၊..
အရက်တွေကိုအလွန့်အကျွံသောက်သည်။...
အိမ်ပြန်ရောက်ရင်...ရစ်..သောင်းကျန်း...အမြဲဖြစ်တတ်သည်။
Jen ကသူမြေးအရင်း မဟုတ်တော့...တစ်ခါတစ်လေ...ရိုက်တတ်သေးသည်။...
.
Jen မှာ သွေးသားဆိုလို့ အဖွားတစ်ယောက်သာရှိသည်။...
.
အဖွားမှာ...သားတစ်ယောက် သမီးတစ်ယောက်ရှိသေးသည်
အဖိုးငယ်နဲ့ရတယ်ဆိုပါတော့.
.
Jen ရဲ့ဦးလေး..ဒေါ်လေးတွေရဲ့ကလေးတွေကိုတော့...အဖိုးငယ်က ချစ်သည်။
ဒါပေမယ့်...ကလေးမိဘတွေက...
မပေးလာချင်ကြပါ...။
.
ဘာလို့လဲဆိုတော့....
အဖိုးငယ်က.အရက်မူးပြီး....
အမြဲသောင်းကျန်းတော့ သူတို့ကလေးတွေကို နှိပ်စက်မိမှာ..စိုးရိမ်လို့လေ...
.
.
Jen ကတော့...
အဖိုးငယ်က..သူမကိုရိုက်တိုင်း...
အိမ်အောက်ထပ်က..စတိုခန်းလေးမှာ..သွားပြီး..သူမရဲ့ခွေးလေး...Kuma လေးနဲ့အတူ သွားနေလေ့...ရှိသည်။...
.
.
.
ဒီနေ့မှာတော့...အဖိုးငယ်က..အရက်မမူးဘဲ...အကောင်းပါကတိအတိုင်း..အိမ်ကိုပြန်လာတာကိုတွေ့တော့...jen အရမ်းပျော်သွား..
ဒီလို နေ့မျိုး..အဖိုးငယ်ကို တွေ့ရဖို့က ခပ်ရှားရှားဖြစ်နေလို့လေ...။
.
.
ညအိပ်ယာဝင်ခါနီး...အချိန်မှာတော့...
Jen တစ်ယောက်..သူမရဲ့အခန်းကနေ..မီးထိန်ထိန်လင်းနေတဲ့ lice ရဲ့ အိမ်ဘက်ကို လှမ်းကြည့်လိုက်သည်။..
.
Jen တွေ့လိုက်ရတဲ့..မြင်ကွင်းကြောင့်..အိပ်ယာဝင်ဖို့ စိတ်တွေပျောက်သွားခဲ့သည်။...
.
Lice ရဲ့အိမ်ဘေးဘက်က...ရေကူးကန်နားက..စားပွဲဝိုင်းလေးမှာ...
Lice နဲ့အတူ....
ဆံပင်အရောင်ဆိုးထားတဲ့ မိန်းကလေး တစ်ယောက်ထိုင်ကာ...စကားပြောနေကြသည်။...
.
သူတို့လက်မှာလည်း...
ဝိုင် တစ်ခွက်စီ..ကိုင်ထားကြသည်။...
.
.
Jen ကြည့်နေတဲ့အချိန်လေးမှာဘဲ...
Lice နဲ့ ထိုမိန်းကလေး...ဝိုင်အရက်တွေကို ကုန်အောင် မော့သောက်လိုက်ကြပြီး....ရေကူးကန်ထဲသို့ ..
အတူတူ ဆင်းသွားကြလေသည်။..
.
Jen. ..အလိုလိုနေရင်း..၀မ်းနည်းချင်သလို ဖြစ်သွားလေသည်။...
.
💭ဦး...အခုချိန်အရမ်းပျော်နေမှာဘဲနော်...အဲ့ မမက...ဘယ်သူလဲ...ဦးရဲ့ ချစ်သူလား...သမီး သိချင်လိုက်တာ...💭
.
.
တကယ်ပါ..ထိုနေညမှာ...jen လုံးဝမအိပ်...
Lice တို့ နှစ်ယောက်..အိမ်ထဲပြန်ဝင်သွားတဲ့အထိ...သူမရဲ့ အခန်းက ပြတင်းပေါက်ကနေ..လှမ်းကြည့်နေမိသည်။..
.
.
Jen ကိုကလေးပါလို့...ပြောမယ်ဆိုရင်..အသက်သာ မှန်ရင်မှန်သွားမယ်...
နားလည်တတ်မှု..ခွင့်လွတ်တတ်မှု...သည်းခံခြင်း...နှလုံးသား..
အပြုအမူ အနေအထိုင်
..အားလုံးက...လူကြီးတစ်ယောက်လိုပါဘဲ....
သိတတ်လွန်းလှသည်။
.
.
.
Other side. ....
.
.
တဖက်မှာတော့...
.
"Lice ya! ..American မှာနေရတာ ပျော်ရဲ့လား.."
YOU ARE READING
လွဲမှားနေတဲ့....သံယောဇဉ်....ချစ်ကြိုး...
Fanfictionလှပတဲ့အပြုံးလေးတွေ.... နူးညံ့တဲ့..စကားလုံးလေးတွေ... ဂရုစိုက်တတ်တဲ့...အပြုအမူတွေက.... တစ်ဆင့်...ခိုင်မြဲတဲ့အချစ်တစ်ခုကို... တည်ဆောက်ထားတဲ့... မေတ္တာကမ္ဘာလေးက...အချစ်ဆိုတဲ့အရာက စခဲ့တာပါ....