အပိုင်း(၂၅)

1.4K 119 22
                                    

.
"အား!..အေးလိုက်တာ..ဘယ်သူက အဲကွန်းကို အဲ့လောက်တောင် ဖွင့်ထားရတာလဲ...လူကို ကြံသတ်နေတာတောင်မှတ်ရတယ်..."

ကုတင်ပေါ်က စောင်အောက်ကနေ မထွက်ဘဲ jen အရင် ညည်းငြူမိသွားသည်။...
.
အကြောတွေဆန့်လိုက်ရင်း...
သတိထားမိသွားတဲ့ အရာတစ်ခုက သူမကိုယ်ပေါ် ဘာအ၀တ်အစားမှ မရှိတော့...
.
ခန္ဓာကိုယ်ပေါ်မှာ နာကျင်မှုတွေ ဖြစ်လေမလား...ခါးအောက်ပိုင်းကို လှုပ်ရှားကြည့်သည်..ထူးခြားခြင်း ဘာမှမရှိ...
အရာအားလုံး..အကောင်းပကတိ...
.
ကုတင်ပေါ်က  အမြန်ထထိုင်လိုက်ပြီး...အဲကွန်းရီမုတ်ကို လှမ်းယူကာ .အဲ့ကွန်းကို ပိတ်လိုက်သည်။...ခြေရင်းမှာ ပုံကျနေတဲ့....
အ၀တ်အစားတွေကို ပြန်ဝတ်ထားလိုက်သည်။
.
မနေ့က အဖြစ်ပျက်က Kim Jiyoung က စခဲ့တာမို့ jen ...Kim ji young ကို မုန်းသထက် မုန်းမိသွားသည်။..
.
ယောကျာ်းလေး တစ်ယောက်ဖြစ်ပြီး...မိန်းကလေးတစ်ယောက်ကို ကာကွယ်ဖို့ နေနေသာသာ...တစ်ပါးသူ လက်ထဲ ထိုးပေးရတယ်လို့...
တော်သေးတယ်...
လူကြီးရောက်လာလို့...
.
လူကြီးသာ မရောက်ခဲ့ရင်...
. jen ဘ၀ မတွေးရဲစရာ ဖြစ်နေလောက်ပြီ...ဘယ်သူ့ကိုမှ မျက်နှာပြရဲတော့မှာ မဟုတ်..
.
Jen ပြန်တွေးမိတိုင်း...Jiyoung ရဲ့အပြစ်တွေကို အဖွားနဲ့တိုင်ပြီး သူနဲ့ စီစဉ်ပေးမယ့် ကိစ္စကို ဖျက်ပေးဖို့ တောင်းဆိုတော့မည်။
.
.................
.
Kim ji young တစ်ယောက် ဒီနေ့ မနက် အိပ်ယာ နိုးနိုးချင်း တဖက်အခန်းကို ပြေးပြီး ဖွင့်ကြည့်လိုက်သည်။.
.
သူမျှော်လင့်ထားသလို့..
Jen ကပြန်မရောက်...
မနေ့ညက သူ့သူငယ်ချင်းနောက်ကို jen ပါသွားတာကြောင့် Jiyoung မသိမသာလေး လိုက်ကြည့်မိသေးသည်။...
.
သူ့သူငယ်ချင်းက ရုတ်တရက် ပေါ်လာတဲ့ လူတစ်ယောက်ရဲ့ လက်ချက်ကြောင့် ခေါင်းကို (5)ချက်လောက် ချုပ်လိုက်ရသည်။
.
Jen ကတော့ ထိုလူနောက်ပါသွားသည်။..
.Jiyoung သူတိ့နောက်ကို အဆုံးထိ လိုက်ကြည့်တော့...
ဟိုတယ်ခန်း တစ်ခန်ူးထဲကို ၀င်သွားသည်။
.
Jiyoung ခန့်မှန်းတာ မလွဲဘူးဆိုရင်..jennie ကို ခေါ်သွားတဲ့သူက...
.
Jennie ရဲ့ အရင် ချစ်သူပင်ဖြစ်သည်။
.
ထိုလူနဲ့သာ jennie ငြိစွန်းသွားခဲ့ရင်... Jiyoung သူမနဲ့ လက်ထပ်ဖို့ လက်မခံနိုင်တော့ သူသာ မိန်းကလေးတွေနဲ့  အပျော်အပါး ခံစားချင်သည်။..

လွဲမှားနေတဲ့....သံယောဇဉ်....ချစ်ကြိုး...Where stories live. Discover now