.
ညဈေးတန်းက အဝါရောင်... ညမီးရောင်လေးတွေ အောက်မှာ...ပျော်ရွှင်စွာ လမ်းလျှောက်နေတဲ့....
ချစ်သူစုံတွဲ များစွာရှိနေသည်။...
.
ထိုအတွဲတွေ အားလုံးထဲမှာတော့...
ကလေးနဲ့ တိုင်ပတ်နေတဲ့ ဦးလေးကြီး လည်းပါနေသည်။...
.
"ဦး ..."ဗျ....
"တော့ပူကီ စားချင်တယ်...
"စားလေ...ဒါမယ့် အစပ်တွေတော့ မစားရဘူးနော်..."
"ဟာ! တော့ပူကီဆိုမှ စပ်မှ စားလို့ကောင်းမှာပေါ့...မရဘူးနော် စေတနာရှိရင် အစပ်ဘဲကျွေး..."
"ကလေးကတော့ လုပ်ပြီ...အစပ်မကျွေးပြန်တော့လည်း...စေတနာမရှိရာကျအုံးမယ်...ဦးက ကလေး အစပ်တွေအစားများပြီး ဗိုက်အောင့်မှာစိုးလို့..."
"ဘာမှ မအောင့်ဘူးနော် အရင် တစ်ခါတုန်းကလည်း ဗိုက်အောင့်လို့လားပြော...😕"
"ဟုတ်ပါပြီ ကွာ...သဘောတော်အတိုင်းပါဗျာ ကျွန်တော်မျိုး အရှုံးပေးပါတယ်ခင်ဗျ..."
"😁😁 ဟီး!..အဲ့လိုမှပေါ့..."
Jen ကတော့ လိုချင်တာကို ရတော့ ပျော်နေတဲ့ ကလေးတွေလို...ပြုံးလို့ ပျော်လို့ရယ်...။
.
တော့ပူကီအစပ်တွေကို အားရပါးရစားပြီး...lice ဘက်ကိုလှည့်ကာ...."အွန်း! ဦး စားမလား...
"ကလေးဘဲ စားပါ..."
"အင်းပါ..စားကြည့်ပါဆို အရမ်းစားကောင်းတာ..အာ...ဟ..ပါးစပ်..."
"မ...မစား...
နောက်ကျသွားပါပြီ...lice ပါးစပ်ထဲကို...တော့ပူကီတွေကို ထိုးထည့်လိုက်တဲ့ ကလေးဆိုး...
"😂ကောင်းလား...
"အာ!😣 စပ်တယ် အရမ်းစပ်တယ်..."
"အင့်...ရေသောက်...
ရေသန့်ဗူးကို ထပ်ကမ်းပေးလာတဲ့ ကလေး လက်ထဲက ရေသန့်ဗူးကို အမြန်လှမ်းယူလိုက်ပြီး ဖွင့်သောက်လိုက်သည်။
.
"အဆင်ပြေပြီးလား ""အင် နဲနဲ...
"အဆို...ဆိုဂျူးသောက်ရအောင်..."
"မသောက်ဘူး...ကလေးနော် အကျင့်မပျက်နဲ့..."
"တစ်ခါမှ မသောက်ဖူးလို့ပါ..ဦးရယ်...ကလေးကလေ...ဦးနဲ့ တူတူ သောက်ချင်တာ...ပြီးတော့..ဟန်မြစ်ဘေးမှာ လေညင်းခံရင်း သောက်ရအောင်လေနော်.."
YOU ARE READING
လွဲမှားနေတဲ့....သံယောဇဉ်....ချစ်ကြိုး...
Fanfictionလှပတဲ့အပြုံးလေးတွေ.... နူးညံ့တဲ့..စကားလုံးလေးတွေ... ဂရုစိုက်တတ်တဲ့...အပြုအမူတွေက.... တစ်ဆင့်...ခိုင်မြဲတဲ့အချစ်တစ်ခုကို... တည်ဆောက်ထားတဲ့... မေတ္တာကမ္ဘာလေးက...အချစ်ဆိုတဲ့အရာက စခဲ့တာပါ....