အချစ်ဆိုတာ...
ကြိုခင်းထားတဲ့ ပန်းခင်းကြီးမှမဟုတ်တာ..
လှပခြင်းတွေနဲ့သာ ပြည့်စုံနေရအောင်...
ဒါက စိတ်ကူးသက်သက်မဟုတ်ဘူးလေ.....
လူနှစ်ဦးကြား ချစ်ခြင်းမေတ္တာတွေကို
တချို့လူတွေ အားကျစေဖို့...
လက်တွေ့ကျကျ...
တည်ဆောက်ရတာမို့...
ဆူးညှောင့်ခလုတ်တွေ...
အခက်အခဲတွေ...
စိတ်ပင်ပန်းတဲ့ ဒဏ်တွေက ပြည့်နက်နေတတ်ပါတယ်....
အချစ်က ပျော်ရွှင်စရာ ကောင်းပေမယ့်.....
နာကျင်စရာတွေ ရှိလာနိုင်သည်။
လူတွေက...ဘယ်အရာကိုမှ ကြိုတင်သိမြင်ခွင့် မရှိဘူးလေ....
..........●●●●●●●●●..............
.
.....အပိုင်း..၁၈....
.Jen တစ်ယောက် အောက်ထပ်သို့ ထမင်းမဆင်းစားခင် ကတည်းက...
Lice ကို စိတ်ဆိုးပြီ သူမရဲ့ ဖုန်းကို Power off လုပ်ထားခဲ့သည်။...
အခုတော့.....
ညစာ စားပြီးပြီမို့....
သူမအခန်းရှိရာကိုသာ ပြန်တက်လာ လိုက်သည်။
.
တအောင့်တဖြုတ် နားပြီး...
ရေချိုးခန်းထဲ ၀င်သွားလိုက်သည်။...
တနေ့လုံး ငိုထားတာကြောင့်...
ခေါင်းမကြည်သလို ခံစားရပြီး...နေရထိုင်ရ အဆင်မပြေ...စိတ်တွေက လေးလံနေသည်။.....စိတ်ပေါ့ပါးသွားအောင်လို့ တွေးမိကာ...ခေါင်းပါ တစ်ခါတည်းလျှော်ရန် ဆုံးဖြတ်လိုက်သည်။..
ခေါင်းလျှော်ပြီးတဲ့ အချိန်မှာတော့ သူမ ခန္ဓာကိုယ်က အနည်းငယ် လန်ူးဆန်းသွားသည်။...
Dryer နဲ့ ဆံနွယ်လေးတွေကို မှုတ်ခြောက်နေရင်း...ဖုန်းကို စက်ပြန်ဖွင့်ဖို့ သတိရသွားသည်။...
.
မနက်ဖြန် လည်း..အမေဘက်က အဖွားအိမ်ဆီကို...ပြန်လည်မည်။
နောက်တော့...
ထုံးစံအတိုင်း လွမ်းတသသ ဖြစ်နေတဲ့ သူ့အငွေ့အသက်တွေ ရှိတဲ့ သူ့အိမ်ကိုပါ...သွားဖို့ ဆုံးဖြတ်ထားသည်။...
.
ဆံနွယ်တွေခြောက်သွားပြီမို့... စားပွဲပေါ်က...ဖုန်းကိုလှမ်းယူလိုက်သည်။...
ည၀တ်အင်္ကျီဝတ်ပြီး...
ကုတင်ပေါ် လှဲလျောင်းလိုက်သည်။...
လက်ထဲက ကိုင်ထားတဲ့..
ဖုန်းကြိ Power ဖွင့်လိုက်သည်နှင့် တန်းစီပြီး... ၀င်လာသော missed များစွာ....
Massage အ၀င်စာတွေလည်း...အစီအရီ...Lice ဆီက..ပို့လာတဲ့စာတွေပါ
...သူမ စိတ်ဆိုးထားတာကြောင့် သူမကို ချော့တဲ့ letter လေးတွေ ဆိုပါတော့...💬ကလေးရေ...
ဦး တကယ် တောင်းပန်ပါတယ်...အလုပ်ကိုဘဲ အာရုံစိုက်ပြီး..ချစ်ရတဲ့ ကလေးကို ပစ်ထားသလို...ဖြစ်သွားလို့💬....
YOU ARE READING
လွဲမှားနေတဲ့....သံယောဇဉ်....ချစ်ကြိုး...
Fanfictionလှပတဲ့အပြုံးလေးတွေ.... နူးညံ့တဲ့..စကားလုံးလေးတွေ... ဂရုစိုက်တတ်တဲ့...အပြုအမူတွေက.... တစ်ဆင့်...ခိုင်မြဲတဲ့အချစ်တစ်ခုကို... တည်ဆောက်ထားတဲ့... မေတ္တာကမ္ဘာလေးက...အချစ်ဆိုတဲ့အရာက စခဲ့တာပါ....