.
.
"Kim Soo Hun. .ငါ့မြေးဘယ်မှာလဲ..""ကျွန်မ အမေဆီမှာ..."
"ငါ့မြေးကို ငါပြန်လိုချင်တယ်.."
"အရင်က..အန်တီကိုယ်တိုင်က..အန်တီ့သား နဲ့ ကျွန်မကို သဘော မတူခဲ့တာဘဲ..ဘာလို့ အခုမှ ကလေးကို လိုချင်ရတာလဲ..:"
"ငါ့သားက ငါ့စကား နားမထောင်ခဲ့ပေမယ့်..သူနဲ့ရထားတဲ့ ညည်းရဲ့ကလေးက ငါ့သားရဲ့ သွေးပါနေလို့ ငါ့မြေးကို ပြန်လိုချင်တယ်. "
"အဟက်!...ဒီစကားတွေ ပြောထွက်သေးတယ်နော်..Kim မျိုးဆက်က...Kim စံအိမ်တော်ရဲ့ သူဌေးမကြီး...
Mrs Kim Min Young Shii. .နောက်မှထပ်တွေ့ကြတာပေါ့..အခုတော့ ကျွန်မကို ခွင့်ပြုပါအုံး..""ငါ့မြေး ရှိတဲ့နေရာ ငါ့ကိုလိပ်စာပေး.."
"အပေးအယူ လုပ်မလား.."
"တောက်!!!..
Kim Soo Hun ရဲ့ စကားကြောင့်..Mrs Kim Min Young တစ်ယောက် အလွန်ဒေါသ ထွက်သွားပြီး...'တောက်' တစ်ချက်ကို ပြင်းထန်စွာ ခေါက်လိုက်သည်။
.
"ကောင်းပြီး...ညည်းဘာလိုချင်လဲပြော..အမေအရင်း ဖြစ်တဲ့ ညည်းတောင်မှ ကိုယ့်ကလေး ကောင်းစားဖို့အတွက်ကို.. အပေးအယူ လုပ်ရသေးတယ်လို့ အံ့ဩပါ့...ညည်းလိုချင်တာ ငါပေးမယ်...ဘာလို့လဲ ဆိုတော့ ငါ့သားရဲ့ ကလေးဖြစ်နေလို့..အေး..တစ်ခုတော့ရှိတယ်..တကယ်လို့သာ..
ညည်း ငါ့ဆီက လိုချင်တာ..ရပြီးသွားရင်..ငါ့မြေးနဲ့ မပတ်သက်မိအောင်နေရမယ်...
နောက်ပြီး..ငါ့မြေးကို ငါ့လက်နဲ့ ငါ့ စည်းကမ်းနဲ့ ပျိုးထောင်ပေးဖို့..ညည်း ငါ့လက်ထဲ ထည့်ပေးရမယ်..""စိတ်ချပါ..အန်တီ့သဘော ဖြစ်စေရမယ်.."
"ကောင်းပြီလေ..."
Mrs Kim Min Young က...ချက်လက်မှတ် တစ်ရွက်ပေါ်ကနေ...
Kim Soo Hun လိုချင်သလောက်ငွေ ပမာဏကို ရေးချပေးလိုက်ပြီ...
ချက်လက်မှတ်ကို...လှမ်းပေးလိုက်သည်။...
.
.
"လိပ်စာပေး..ငါအားရင် ငါကိုယ်တိုင် ငါ့မြေးကို သွားတွေ့လိုက်မယ်.."Kim Soo Hun..စာရွက် တစ်ရွက်ပေါ်သို့...သူမရဲ့မိခင်ရဲ့ နေရပ် လိပ်စာကို ချရေးလိုက်ပြီး..
MrsKim Min Young ထံ ကမ်းပေးလိုက်ပြီး...ပြုံးရွှင်စွာ..ထွက်လာခဲ့လိုက်သည်။
.
"ငွေဆိုတာ..ငါ့အတွက် ရှာရ အလွယ်ဆုံးအရာပါလား.."
YOU ARE READING
လွဲမှားနေတဲ့....သံယောဇဉ်....ချစ်ကြိုး...
Fanfictionလှပတဲ့အပြုံးလေးတွေ.... နူးညံ့တဲ့..စကားလုံးလေးတွေ... ဂရုစိုက်တတ်တဲ့...အပြုအမူတွေက.... တစ်ဆင့်...ခိုင်မြဲတဲ့အချစ်တစ်ခုကို... တည်ဆောက်ထားတဲ့... မေတ္တာကမ္ဘာလေးက...အချစ်ဆိုတဲ့အရာက စခဲ့တာပါ....