.Mrs Kim Min Young ..နဲ့ Kim Jiyoung တို့နှစ်ယောက်..အိမ်ကြီးဆီ ပြန်ရောက်တော့...
Jenအတွက်..စီစဉ်ထားတဲ့အခန်းလေးဆီကို သွားပြီး..
Maid တွေကို ခေါ်ကာ...
လိုအပ်တဲ့ ပြင်ဆင်မှုတွေကို...ပြင်ဆင်ခိုင်းလိုက်သည်။
.
သူတို့ အိမ်ကိုပြန်ရောက်တဲ့ အချိန်က...ညနေစောင်ပြီးမို့ ညစာအတွက်ပါ တစ်ခါတည်း ပြင်ဆင်ခိုင်းထားလိုက်သည်။
.
Jenရဲ့ အခန်းကတော့...
Mrs Kim Min Young အခန်းနဲ့...Kim ji young ရဲ့ အခန်းကြားက အခန်းပင်ဖြစ်သည်။
သူတို့ အခန်းတွေရဲ့ အလယ်မှာပေါ့....
.
အားလုံးပြင်ဆင်ပြီး တော့ Mrs Kim Min Young က...
."မြေးလေးရေ....မြေးမလေး ပြန်ရောက်ပြီလား..."
လှေကားထစ်တွေပေါ်ကနေဆင်းလာရင်း Jiyoung ကို လှမ်းမေးလိုက်သည်။
"ပြန်မရောက်သေးဘူး ဖွား ခြံထဲမှာ ရှိနေအုံးမယ်ထင်တယ်..."
"အချိန်တောင် အတော်ကြာသွားပြီဘဲ ခြံထဲမှာ တစ်ခုခုများ ဖြစ်နေလား မသိဘူး..."
"သား သွားရှာကြည့်လိုက်မယ်လေ ဖွား.."
"ကောင်းသားဘဲ မြေးရယ်...သွားရှာကြည့်လိုက် မြေးရဲ့ ညီမလေးကို.."
"Nae. ..
Mrs Kim Min Young ၏ ခွင့်ပြုချက်နဲ့ Kim Jiyoung တစ်ယောက် ခြံထဲကို ဆင်းလာကာ jen ကို ပတ်ရှာလေတော့သည်။
.
.
တံတားပေါ်မှာ ဒူးနှစ်ဖက်ကို ဖက်ပြီး...ခြေကျုံထိုင်နေတဲ့ ကောင်မလေး တစ်ယောက်..
မျက်နှာပေါ်မှာလည်း မျက်ရည်လေးတွေက ရွဲနစ်လို့ရယ်။...
.
အချစ်က အေးမြတယ်ဆိုပေမယ့်...
ပူလောင်ခြင်းတွေလည်း ပေးတတ်ပါတယ်။...
အတူရှိတဲ့ အချိန်တွေသာ
ပျော်ရွှင်မှုတွေ...
ရနေပေမယ့်...
ဝေးကွာရတဲ့ အချိန်တွေမှာတော့
ရင်ထဲမှာနဲ့ လုံးဝမပျော်ဘဲ..
တစ်ခုခုကို လိုအပ်နေသလိုလို..
.
လွမ်းနေတာကို...
နာကျင်စရာတွေနဲ့အစားထိုး ဖြေဖျောက်ရတယ်ဆိုတာ...မှန်ကောင်း မှန်နေပေမယ့်...ချစ်နေတာကရော....ချစ်လို့...လွမ်းနေရတာကို...
နာကျင်စရာတွေနဲ့ ဖြေဖျောက်ရအောင်...
Lice နဲ့ ပတ်သက်ခဲ့သမျှ ကုန်လွန်ခဲ့တဲ့...အချိန်တွေထဲမှာ..
နာကျင်စရာ...တစ်ခုလေးတောင်
မရှိခဲ့တဲ့...
Jennie လေး အတွက်..
အလွမ်းဒဏ်ကို ကုသရခက်နေသည်။...
.
လွမ်းရင်း...ငိုရင်းနဲ့...
Jen တစ်ယောက်..ထိုတံတားလေးပေါ်က...မြေခ ကြွေလွင့်ထားတဲ့..မေဗယ်ရွယ်လေးတွေ အပေါ်မှာ အိပ်ပျော်သွားခဲ့သည်။..
.
.
"Jen ရေ...jen. .ညီမလေး...
.
Jiyoung တစ်ယောက် jen ကို အော်ခေါ်ရင်း jen အိပ်ပျော်နေတဲ့ တံတားနားကို ရောက်လာခဲ့သည်။..
တံတားပေါ်မှာ jen များ ရှိလေမလားထင်ပြီး..
တံတားပေါ် တက်သွားလိုက်သည်။...
သူ ထင်ထားတဲ့အတိုင်းပါဘဲ..
Jen က ထိုတံတးလေးမှာ ရှိနေရုံမက...အိပ်တောင်ပျော်နေလေရဲ့...
.
"အော်...ဒီကလေးနှယ်..ဒီမှာ လာအိပ်ပျော်နေတာကိုး...."
YOU ARE READING
လွဲမှားနေတဲ့....သံယောဇဉ်....ချစ်ကြိုး...
Fanfictionလှပတဲ့အပြုံးလေးတွေ.... နူးညံ့တဲ့..စကားလုံးလေးတွေ... ဂရုစိုက်တတ်တဲ့...အပြုအမူတွေက.... တစ်ဆင့်...ခိုင်မြဲတဲ့အချစ်တစ်ခုကို... တည်ဆောက်ထားတဲ့... မေတ္တာကမ္ဘာလေးက...အချစ်ဆိုတဲ့အရာက စခဲ့တာပါ....