💜

12.3K 417 3
                                    

ZG version

ေမွာင္ရီပ်ိဳးေနၿပီျဖစ္တဲ့ အခ်ိန္...
ေခ်ာင္က်တဲ့လမ္းသြယ္ေလးတစ္ေနရာ...
‌ယိုင္တိုင္တိုင္‌ေျခလွမ္းပိုင္ရွင္ လူႏွစ္ေယာက္...

"ေဟ်ာင့္...ဟိုမွာ ငါတို႔ရပ္ကြက္ထဲက အရူးမ မလား"

"ဝိုးးးဒီဇိုင္းေတြေျပာင္းလို႔ပါလားကြ ဟဟ"

"ေအးကြ ဧကႏၲ ရပ္ကြက္ထဲကတစ္ေယာက္ေယာက္က
ေရခ်ိဳးသန႔္စင္ေပးလိုက္တာပဲျဖစ္မယ္"

"ဒီလိုက်ေတာ့လည္း အရူးမက ေခ်ာသားကြ ဟား"

"ဟဟ မင္းပစ္ေႂကြသြားၿပီလား"

"စိတ္ဝင္စားတယ္ေလာက္ပဲလုပ္ပါကြာ
အရူးမကိုေႂကြရေအာင္ ငါမွမရူးေသးတာ မူး‌ယံုေလးပါ ဟား"

"ဟုတ္ပါၿပီကြာ အဲ့ေတာ့ မင္းကဘာျဖစ္ခ်င္လဲ"

"ငါဘာျဖစ္ခ်င္လဲဆိုေတာ့..."

ႏွစ္မိနစ္ခန႔္ တိတ္ဆိတ္သြားတဲ့ စကားသံတခ်ိဳ႕ဟာ
တကယ္ေတာ့ မ်က္လံုးခ်င္းစကားေျပာေနၾကတာ။
‌ေႁမြ‌ေႁမြခ်င္းမို႔ ‌ေျချမင္ၾကတယ္။
မဆန္းပါဘူး သူတို႔ၾကားမွာ ဒီလိုအထာေတြက။

"ဟားးးမင္းေသခ်ာလား"

"အသစ္အဆန္းေပါ့ကြာ ဘယ္လိုလဲ"

"Ok"

သိပ္မၾကာခင္မွာပဲ အိပ္တန္းတက္တဲ့ငွက္လည္း ပ်ံ‌ေျပးကုန္တယ္။
ကူရာမယ့္တဲ့အသံတစ္ခ်ိဳ႕အတြက္ စိတ္မေကာင္းလို႔နဲ႔တူပါတယ္။

ဒီလိုပါပဲ ...
ေလာကႀကီးမွာ ‌ေျမနိမ့္ရာ လ်ံစိုက္တတ္သလို
အပင္ျမင့္လြန္းရင္လည္း ေလတိုက္ခံရျပန္‌ေရာ။

ဘယ္လိုဘဝႀကီးမွာပဲ ရွင္သန္ရွင္သန္
‌လြယ္ကူမေနပါဘူး။

အရူးမတစ္ေယာက္အတြက္ေတာင္မွေပါ့...။

#JeonMoeHtet

___________________________________

Uni version

မှောင်ရီပျိုးနေပြီဖြစ်တဲ့ အချိန်...
ချောင်ကျတဲ့လမ်းသွယ်လေးတစ်နေရာ...
‌ယိုင်တိုင်တိုင်‌ခြေလှမ်းပိုင်ရှင် လူနှစ်ယောက်...

"ဟျောင့်...ဟိုမှာ ငါတို့ရပ်ကွက်ထဲက အရူးမ မလား"

"ဝိုးးးဒီဇိုင်းတွေပြောင်းလို့ပါလားကွ ဟဟ"

"အေးကွ ဧကန္တ ရပ်ကွက်ထဲကတစ်ယောက်ယောက်က
ရေချိုးသန့်စင်ပေးလိုက်တာပဲဖြစ်မယ်"

"ဒီလိုကျတော့လည်း အရူးမက ချောသားကွ ဟား"

"ဟဟ မင်းပစ်ကြွေသွားပြီလား"

"စိတ်ဝင်စားတယ်လောက်ပဲလုပ်ပါကွာ
အရူးမကိုကြွေရအောင် ငါမှမရူးသေးတာ မူး‌ယုံလေးပါ ဟား"

"ဟုတ်ပါပြီကွာ အဲ့တော့ မင်းကဘာဖြစ်ချင်လဲ"

"ငါဘာဖြစ်ချင်လဲဆိုတော့..."

နှစ်မိနစ်ခန့် တိတ်ဆိတ်သွားတဲ့ စကားသံတချို့ဟာ
တကယ်တော့ မျက်လုံးချင်းစကားပြောနေကြတာ။
‌မြွေ‌မြွေချင်းမို့ ‌ခြေမြင်ကြတယ်။
မဆန်းပါဘူး သူတို့ကြားမှာ ဒီလိုအထာတွေက။

"ဟားးးမင်းသေချာလား"

"အသစ်အဆန်းပေါ့ကွာ ဘယ်လိုလဲ"

"Ok"

သိပ်မကြာခင်မှာပဲ အိပ်တန်းတက်တဲ့ငှက်လည်း ပျံ‌ပြေးကုန်တယ်။
ကူရာမယ့်တဲ့အသံတစ်ချို့အတွက် စိတ်မကောင်းလို့နဲ့တူပါတယ်။

ဒီလိုပါပဲ ...
လောကကြီးမှာ ‌မြေနိမ့်ရာ လျံစိုက်တတ်သလို
အပင်မြင့်လွန်းရင်လည်း လေတိုက်ခံရပြန်‌ရော။

ဘယ်လိုဘဝကြီးမှာပဲ ရှင်သန်ရှင်သန်
‌လွယ်ကူမနေပါဘူး။

အရူးမတစ်ယောက်အတွက်တောင်မှပေါ့...။

#JeonMoeHtet

ချစ်သည်...သို့သော် (Completed)Where stories live. Discover now