💜Extra💜

5.8K 350 66
                                    


Zawgyi

ချစ်သည်...သို့သော်
ပိုင်ဆိုင်ရဖို့မဟုတ်မှတော့
ငေးကြည့်နေယုံပေါ့
ဘာခက်တာမှတ်လို့...။

💜*********************💜

မွေးရပ်နယ်မြို့လေးမှာပဲ ခေါင်းချသွားတဲ့
ငယ်သူငယ်ချင်းရဲ့ ဈာပနာပွဲကအပြန်
အတွေးတစ်ချို့က ခေါင်းထဲသို့ အစီအရီဝင်လာခဲ့သည်။

မေ့ပစ်ထားတဲ့အကြောင်းအရာပေမယ့်
ဒီမြို့ငယ်လေးကို မထင်မှတ်ပဲရောက်လာခဲ့တော့
အလိုလိုကို သတိရမိစေသည်။

"အင်း ရှိနေပါတော့မလား"

"ဗျာ သခင်ကြီး ဘာပြောလိုက်တာပါလဲ"

အတွေးတွေက နှုတ်ကနေတစ်ဆင့်
မထင်မှတ်ပဲ ထွက်သွားမိတော့...

"ကားပြန်လှည့်လိုက်"

ခဏတော့ကြောင်သွားပေမယ့်
မျက်နှာကဲခတ်တော်ပြီး အလိုက်သိတဲ့သူမို့
ဘယ်နေရာဆိုတာ ပြောပြစရာမလိုပဲ
လိုရာကို မောင်းပို့ပေးသည်။

ခြံရှေ့ကို ရောက်နေပေမယ့်
ဝင်ရနိုးနိုးနဲ့အတော်ကြာ ရပ်နေမိသည်။
တစ်နည်းအားဖြင့် မျက်နှာပူခြင်း။

"ဟင် သခင်ကြီးမလား"

ကလေးငယ်တစ်ယောက်ကို လက်ကဆွဲရင်း
စကားဆိုလာတဲ့ Jungmin
နှစ်တွေသာကြာသွားတာ အခေါ်အဝေါ်တွေတောင်
မပြောင်းလဲပါလား။

"အင်း"

"အာ အိမ်ထဲကြွပါအုံး သခင်ကြီး"

ပြာပြာသလဲနှုတ်ဆက်ခါ အိမ်ထဲသို အရင်ဝင်သွားသူ။
တကယ် မပြောင်းရွေ့ခဲ့ဘူးပဲ။

"မိန်းမရေ သခင်ကြီး ရောက်လာတယ်"

"ဟင် သခင်ကြီး ကြွပါကြွပါရှင်"

ကိုယ်ကသာ စိတ်မလုံပဲ မျက်နှာပူနေပေမယ့်
Jungmin တို့လင်မယားကတော့
အရင်အတိုင်း အရိုအသေမပျက်လို့
ပိုပြီး အားနာစိတ်ကဝင်လာမိသည်။

"ဘယ်လိုအကြောင်းကြောင့် ရောက်လာလဲတော့
မသိပေမယ့် ကျွန်တော့်တို့ဘက်က..."

"သူငယ်ချင်း ဈာပနာလာရင်း
လမ်းကြုံလို့ပါ"

"ဪ ဟုတ်ကဲ့"

ချစ်သည်...သို့သော် (Completed)Onde histórias criam vida. Descubra agora