ZG version
လမင်းကြီးလား...ဝေးကွာလွန်းတယ်
သို့သော်...
ရေကန်လေးကတော့ သူ့အရိပ်ကို ပိုင်ဆိုင်နိုင်တယ်
အကိုက လမင်းကြီး
ကျွန်တော်က ရေကန်ငယ်
အကို့အရိပ်လောက်ပိုင်ဆိုင်ရရင်လည်း ဖြစ်တာမို့
အဝေးကြီးကို ရှောင်မပြေးပါနဲ့လား...💜💜💜
တစ်နှစ်တခါပြန်လာနေကျ အကိုလေးက
ဒီနှစ်တော့ ပြန်မရောက်ခဲ့ဘူး။
ပြန်လာခဲ့မယ်လို့ မှာတမ်းမခြွေခဲ့ပေမယ့်
ရောက်ချိန်တန်လို့ ပြန်မရောက်လာတဲ့အခါ
တွေ့ချင်စိတ်တွေက ထိန်းချုပ်မရခဲ့ဘူး။
သတိရတယ်၊လွမ်းတယ်၊ တွေ့ချင်တယ်။အရင်က သာမာန်သံယောဇဉ်
စိတ်သာသာလို့ ထင်မိခဲ့ပေမယ့်
အချိန်ကြာလာတာနဲ့အမျှ ပိုပိုသိလာတယ်။
မယုံကြည်နိုင်လောက်အောင် အံ့သြမိတယ်။
ဒါက မဖြစ်သင့်တဲ့ အနေအထားအလား...ကျွန်တော်ကိုယ်တိုင်တောင်
လက်မခံနိုင်တဲ့အခြေအနေမှာ
တစ်ဦးတည်းသော သူငယ်ချင်းကောင်း
Jimin ကလက်ခံပေးနိုင်ခဲ့တယ်။လူတွေက ထင်ကြမှာပဲ...
ဆယ်ကျော်သက်အရွယ်မို့ အသစ်အဆန်းတွေကို
စိတ်ဝင်စား၊ စိတ်ကစားတယ်လို့။
ဘယ်လိုလုပ်မလဲ...ကျွန်တော်ဘက်က
စိတ်ကစားယုံသက်သက်ထက်မက
ပိုနေတာ၊၊ပင်မြင့်က ပန်းကိုမှ မှန်းခဲ့တာမဟုတ်ခဲ့ပါဘူး။
ကျွန်တော်မှန်းမိခဲ့တဲ့ ပန်းက ပင်မြင့်လွန်းနေတာပါ။
ကျွန်တော့်အတွက် မဖြစ်နိုင်မှန်းသိပေမယ့်
အလွယ်တကူ ခြူလို့မရမှန်းသိပေမယ့်.................
"သား ဒီနေ့လည်းကျောင်းမသွားဘူးလား
ဒီနေ့နဲ့ဆို သုံးရက်တောင်ရှိနေပြီနော်
ကြာရင် ကျောင်းစာတွေနဲ့ပင်ပန်းနေလိမ့်မယ်""သားတောင်းပန်ပါတယ်အမေ"
"ဟူး အမေမေးတော့လည်း သားကမဖြေဘူး
သားဘာဖြစ်နေတယ်ဆိုတာသိမှ
အမေကူညီနိုင်မှာပေါ့"