Uni version
၈နှစ်ခန့်ကြာသော်...
လမ်းမကြီးထပ်၌ ခုန်ပေါက်ပြီး
ပြေးသွားနေတဲ့ ကလေးငယ်တစ်ယောက်။
လက်ထဲမှာလည်း အထုတ်ကြီးအထုတ်ငယ်
တွေနဲ့ စုံလို့။ပျော်ရွှင်နေလေရဲ့ ထင်ပါတယ်။
ပြေးသွားနေရင်း တခါတခါပြုံးရင်း
တခါတခါ ရယ်နေလေရဲ့။ရယ်လိုက်ရင် ထွက်ပေါ်လာတဲ့
ယုန်သွားလေရယ်
မျက်လုံးဝိုင်းဝိုင်းလေးက
အပြံးအပျော်တွေကြောင့်
အရောင်တွေလက်လို့။အပူပင်မရှိလေလျော့လား...။
မထင်လိုက်ပါနဲ့။
တကယ်တော့ အပူအပင်ဆိုတာကို
သိဖို့ ကလေးငယ်ရဲ့အရွယ်က
နုငယ်လွန်းနေလို့ပါ။သူ့ဘဝဟာ ထင်ထားတာထက်
ဆိုးရွားလွန်းနေလေရဲ့။____________________________________
"ယောက်ျား ရှင် ခုနက စားစရာတွေ
အများကြီးထုပ်နေတာတွေ့တယ်
ဟိုကလေးလေးအတွက်လား""အေးလေ ဘာလို့လဲ"
"ခါတိုင်း ဒီလောက်မပေးဘူးလေ
ဒီနေ့မှ အများကြီးမို့မေးကြည့်တာပါ""ဪ...အဲဒါက
ဒီနေ့ဆိုင်မှာ ရောင်းကောင်းတယ်လေ
အဲဒါကြောင့် အများကြီးပေးလိုက်တာ
ပြီးတော့ ကလေးလေး ပြောပုံအရဆို
သူ့အမေ ဖျားနေပုံပဲ""ဘယ်လို ကလေးလေးက ဘယ်လိုပြောလို့လဲ"
"သူ့အမေက အစားလဲအရင်လို
မစားဘူးတဲ့ အိပ်ပဲအိပ်နေတာတဲ့
နောက်ပြီး နေပူထဲမသွားပဲနဲ့
အသားတွေကပူနေတယ်တဲ့""အယ်ဒါဆိုသေချာတာပေါ့
အရူးမ ဖျားနေတာပဲ""အေးကွာ"
နိမ်ချလိုခြင်းမဟုတ်တဲ့ ဂရုဏာအသံတွေနဲ့ပါ။
"အရူးမသာ တစ်ခုခုဖြစ်သွားရင်
ကလေးလေးတော့ သနားပါတယ်""အေးကွာ မိဘမေတ္တာတွေများနော်
သိပ်ခိုင်မာတာ အသိစိတ် ပုံမှန်မဟုတ်တာတောင်
သူ့သားကိုလုံးဝ အချစ်မလျော့ဘူး""ဟုတ်ပါ့ရှင်"
သိပ်ဟုတ်တာပေါ့။
မိဘမေတ္တာဆိုတာ အံ့ဩဖို့ကောင်းသလို
ချီးကျူးထိုက်ပါပေတယ် ။