ZG version
မမှီမှန်းသိလို့ လက်မလှမ်းခဲ့တဲ့သူပါ
မြင်ခွင့်နဲ့တင် ကျေနပ်နေတဲ့သူပါ
ဖြစ်နိုင်ရင်တော့ ပြောပြချင်တာပေါ့
ဘယ်လောက်ချစ်ကြောင်းကို...**********
"ဟော...သားတို့တောင် ရောက်လာပြီလား"
"အန်တီ မင်္ဂလာပါ"
"ဟယ် Yoongi တို့မောင်နှမပါ ပါလာတာလား"
"ဟုတ် အမေတို့ကလာချင်ပေမယ့်
ဘယ်လိုမှမအားလို့ အားနာကြောင်းနဲ့
ဂုဏ်ပြုပါတယ်ဆိုတဲ့အကြောင်း
ပြောလိုက်ပါတယ် အန်တီ""ရပါတယ်ကွယ် အလုပ်မှမအားပဲကို
လာ လာ သမီးတို့"ခြံထဲဝင်ထဲက သတိထားမိနေတယ်။
အရင်က ကျွန်တော်ပြန်လာတိုင်း
အမြဲလာကြိုစောင့်နေတတ်တဲ့ကောင်လေး
ဒီနေ့မတွေ့သလို။
မသိမသာ လှည့်ပတ်ရှာမိတော့လည်း မတွေ့။
ဘယ်လိုကြီးလည်း စိတ်ထဲဘဝင်မကျလိုက်တာ။"သား လာလေ ဘာရှာနေတာလဲ"
"ဗျာ မရှာပါဘူး"
ရှက်ရှက်နဲ့ဗြောင်လိမ်လိုက်ရတဲ့အဖြစ်။
"အန်တီ မမ Seokjin တို့ကော"
"ဒီနေ့အပ်ထားတဲ့ အင်္ကျီတွေရမယ်ဆိုလို့
သွားကြည့်ကြတယ် သမီးရဲ့ ""ဪ"
"သမီးက မတွေ့တာကြာလို့များလား
လှလာလိုက်တာနော်""ဟီး ကျေးဇူးတင်ပါတယ်အန်တီ"
"ချစ်သူရည်းစားတွေများရှိနေလားသမီး''
"မရှိပါဘူးအန်တီရဲ့"
"အင်း ဒါဆို အန်တီချွေးမတော်လို့ရသေးတာပေါ့"
"အာ အန်တီကလဲ"
ရုပ်ရည်၊အရည်အချင်း၊အဆင့်အတန်း
အဘက်ဘက်က ပြည့်စုံတဲ့
Yoonji လို မိန်းကလေးမျိုးကို
သားရှင်တိုင်းလိုက ချွေးမတော်ချင်ကြမှာမလွဲပေ။သမီးအတွက်ကစိတ်အေးရပြီးမို့ သားအတွက်သာ
စိတ်ပူရန်ရှိတော့သည်။
သားသာ Yoonji လေးကို
သဘောကျမယ်ဆို လူကြီးချင်းကလည်း
သူပြီးသားဆိုတော့ အဆင်ပြေသည်။
ညကျမှသားကို မေးကြည်မည်။