Part 1

10.6K 209 5
                                    

Unicode

ရန်ကုန်မြို့ရဲ့နာမည်ကြီး
ရှော့ပင်းစင်တာတစ်ခုတွင်ဖြစ်သည်

In case you didn't know Girl
I am Cray about you🎶🎶

သီချင်းသံလေးနားထောင်ရင်း
သော် ဘေးဘက်ဘယ်ညာလှည့်ကြည်လိုက်သည်

အူးးးးးးးဝါးးး (သန်းလိုက်သည်  Zzz)


ပျင်းလာပြီနော်🥴
လက်မှာပတ်ထား‌တဲ့နာရီလေးတစ်ချက်ကြည့်ရင်း သော် သက်ပြင်းတစ်ချက်ချမိသည်။
ချိန်းထားရင် အမြဲတစေ စောစောကြိုရောက်
နေနှင့်သောမိမိအကျင့်ကြောင့် ခုတော့ ‌ချိန်းထားတဲ့ ကော်ဖီဆိုင်မယ် ထိုင်စောင့်‌နေခြင်းဖြစ်သည်။

မေသော်သော်ဦး
နင်လည်းဖင်ရှည်တာခံပေါ့🥴
ဓာတ်ပုံရိုက်တာ
အလွန်ဝါသနာပါလွန်းသောမိမိအား
သော်သူငယ်ချင်းလည်းတစ်ဖြစ်
ဝမ်းကွဲတော်စပ်သူ မခိုင်က သူ့သူငယ်ချင်း
အိမ်တက်ပွဲအခမ်းအနားအတွက် သော်အား
မှတ်တမ်းတင်ဓါတ်ပုံရိုက်ဖို့
အကူအညီတောင်းထားတာမို့
သူ့သူငယ်ချင်းကော်ဖီဆိုင်တွင်တွေ့ဖို့
လက်ခံထားခြင်းဖြစ်သည်။

ဆိုင်ပိုင်ရှင်အားမမြင်ဖူးသော်လည်း
အရမ်းလှတယ်လို့တော့ မခိုင်က
ကိုယ့်ငါးချဉ်ကိုယ်ချဉ်ထားလေ‌သည်။

🙄🙄ဗိုက်ကဆာလာပြီ

မနက်၉နာရီချိန်းထားတာမို့
မနက်စာကျွေးမယ်ဆိုသော
ဒကာကပေါ်မလာသေးပါ။
ထကောထသေးရဲ့လား😑

ဖုန်းကိုကောက်ကိုင်ရင်း မခိုင်ဆီဆက်လိုက်သည်။

"ဟဲလို"

"အယ် သော်လား
ဆောဒီးနော် ဗိုက်ဆာနေပြီလား
အမလာနေပြီ
ကားပါကင်မှာရောက်နေပြီ"

"ပြီးကော"

ဖုန်းချလိုက်ကာ
Menuစာရွက်ကိုလှန်လှော်ကြည့်နေရင်း
သိပ်မရင်းနှီးသောရေမွှေးအနံ့တချို့ကြောင့်
‌မော့ကြည့်လိုက်သောအခါ
သော့်ကိုပြုံးကြည့်နေသော အမတစ်ယောက်

Blue SkyWhere stories live. Discover now