*Uni
သော် စာတွေလုပ်နေရင်း
စိတ်ကထားဝယ်ဆီရောက်နေတယ်။
အလုပ်ကိစ္စမို့တစ်ပတ်ပဲဆိုပြီး
မသက်အခုထိပြန်မလာသေး။ဖုန်းကိုကောက်ကိုင်တယ်။
ဖုန်းခေါ်လိုက်တော့လည်း လူကြီးမင်းနဲ့ပဲတိုးနေတယ်။ဟူးးးးးးး
စာအုပ်တွေပေါ်မျက်နှာမှောက်ချလိုက်တယ်။
ဘာတွေများ လုပ်နေတာလဲ။
မသက်ရယ်။ 😔လွမ်းးးးးလှပြီ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
မနက် ၈ နာရီ ဝန်းကျင်မို့ ကားလမ်းက
အဆင်ပြေနေသည်။မသက် က ကိုးမိုင်မှာ လာကြိုပါ ဟု မှာထားသောကြောင့် ကားလမ်းရှင်းတဲ့နေရာမှာ စောင့်
နေသည်။၁၅မိနစ်ကြာတော့ သူမစီးလာတဲ့ ကားရောက်
လာတယ်။ကားတံခါးပွင့်တယ်။
မသက်ဆင်းလာတယ်။သော်က မသက်အထုပ်ကို ကူဆွဲရင်း ကားနောက်ခန်းထဲထည့်လိုက်တယ်။
သူမ က မုန့်ထုပ်တွေသယ်ရင်း
"ဒီမှာမုန့်တွေထပ်ယူသွားအုံး သက်"
လူရွယ်တစ်ယောက်က မသက်ဆီ မုန့်ထုပ်လှမ်း
ပေးလေတယ်။ သူမလက်က အိတ်တွေဆွဲထားတာမို့ သော် လှမ်းယူလိုက်တယ်။ ကျေးဇူး ဟု
သူမ ပြောလိုက်တယ်။ ကားထဲက လူတွေကို သွားတော့မယ် ဟု သူမနှုတ်ဆက်ကာ သော် ကားရှေ့ခန်းထဲ ဝင်ထိုင်လိုက်တယ်။
သော်လည်းမောင်းသူနေရာဝင်ထိုင်ကာ
ရန်ကင်းက သူမ တိုက်ခန်းဆီ ဦးတည်မောင်း
လာခဲ့ယ်။ကားကို ဂရုစိုက်မောင်းရင်း သော် က
"ခဏက မုန့်ထုပ်ပေးတာ ဘယ်သူလဲ မသက်"
"ရုံးက စီနီယာလေ အခုထားဝယ်က
ပရောဂျက်ကို သူကိုင်တာ""အော် ဟုတ်လား လူငယ်ပဲနော်"
"တော်တယ်"
သော်ခေါင်းငြိမ့်ကာထောက်ခံလိုက်သည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹