☁️☁️☁️☁️☁️☁️☁️
ညနေ ၄ နာရီမို့သာ ပြောတယ်။
ကောင်းကင်တစ်ခုလုံး အုံ့မှိုင်း...
မိုးတွေ ခပ်ဖွဲဖွဲနဲ့ရွာလို့
ထီးဆောင်ထားဖို့မေ့နေပြန်ပြီ။မသက်တို့တိုက်ရှေ့ကားရပ်လိုက်တယ်။
ပူပူနွေးနွေး ကြေးအိုးပါဆယ်ဗူးလေးဆွဲပြီး
သူမရှိရာအထပ်ဆီတက်လာခဲ့တယ်။
ကြေးအိုးသောက်နေတဲ့မသက်ကို သော်ကြည့်ရင်း စိတ်မကောင်းဖြစ်မိတယ်။
သူမ နေမကောင်းဖြစ်တာနှစ်ရက်ရှိပြီ။
မျက်နှာနည်းနည်းချောင်ကျသွားတယ်။
သူမနဖူးကိုစမ်းရင်း ကိုယ့်နဖူးကိုပြန်စမ်းတယ်။
"ကိုယ်နည်းနည်းနွေးနေသေးတယ်။
ဆေးခန်းထပ်သွားမလား
ကိုက်တာတွေရှိလား"သူမ ခေါင်းခါပြသည်။
"ဟိုးနေ့ကဆေးခန်းက ဆေးပေးထားတာ တစ်ရက်စာကျန်သေးတယ်"
"အဖျားကျလိုက် တက်လိုက်ဖြစ်နေတော့
သော်က ပိုဆိုးမှာ စိုးရိမ်လို့ပါ""ရပါတယ် သော်ရှိရင် အားရှိတယ်"
သူမက စ‚နောက်လည်း သော်မပြုံးနိုင်ပါ။ကိုယ်ချစ်တဲ့သူဖျားရင် ဘယ်သူကများ ပျော်နိုင်ပါလဲ။
"အများကြီးသောက်အုံး အာ့ဒါမှအားရှိမှာ"သူမက နှာခေါင်းရှုံ့တွကာ
" အရသာက ခါးနေသလို"
"အင်း နေမကောင်းလို့ခံတွင်းပျက်တာနေမှာ
စားချင်တာရှိလည်း ပြောလေ
သော် လုပ်ပေးမယ်"
"ရပြီ သော့်ကိုဒုက္ခပေးတာပဲများနေပြီ"" ကိုယ့်အမပဲဟာ ဒုက္ခလို့ မမြင်ပါဘူး
ပေး သော်ဆေးပေးမယ်"သူမက ခေါင်းခါပြတယ်။ ပန်းကန်လုံးအတင်းကိုင်ထားပေမယ့် ဖျားတဲ့လူက သော့်လောက်
ဘယ်အားရှိပါ့မလဲ။"ကဲ နားနားနေပါနော် သော်ပဲဆေးပေးလိုက်မယ်"
ပန်းကန်ဆေးပြီး ဧည့်ခန်းထဲဝင်လာကာ သူမ
နား ကပ်ထိုင်လိုက်တယ်။
"အဖျားကူးမယ် သော်နည်းနည်းဝေးဝေးထိုင်"