Part 10 (End)

2.8K 167 8
                                    

"ခဏလေးပဲနော် စောင့်နေနော်"

မ က အာ့လိုပြောပြီး မုန့်တွေရယ် ကော်ဖီရယ်သော့်အတွက်မှာထားခဲ့ပြီး
သူ့အလုပ်က လူကြီးတွေနဲ့တခြားဝိုင်းမှာ အလုပ်
ကိစ္စပြောနေကြတယ်။

သူ့ရုံးပိတ်ကလေး အပြင်သွားလည်မို့ဆိုမှ အလုပ်ကိစ္စက ပါလာသေးတယ်။

ကော်ဖီလေးသောက်လိုက် မုန့်စားလိုက်နဲ့
Nf တွေ ပွတ်ပြီး သူမကိုစောင့်နေတယ်။

ခဏကြာတော့
မ က သူ့စားပွဲဆီလာဖို့သော့်ကို
လက်ယပ်ခေါ်တယ်။
ကြောင်တောင်တောင်နဲ့သွားပြီး မ အနားရပ်တော့
ဟိုတစ်ဖက်က ထိပ်ပြောင်ပြောင်နဲ့ဖော်ရိန်နာဦီးလေးကို မိတ်ဆက်ပေးတယ်။

အလိုက်အထိုက် အင်္ဂလိပ်လို ပြန်ပြောပေးတော့
သဘောတွေကျနေတယ်။ သူ့ဆီမှာ လုပ်ဖို့တောင်
စ နေသေးတယ်။

မ အလုပ်ကိစ္စလက်စသတ်ပြီးချိန်မှာတော့
လက်မောင်းကိုလာတွဲမှီပြီး

"ကဲ ဘယ်သွားချင်လဲ"

"လျှောက်လည်မှာသေချာပြီးလား"

"ဘွာတေး အလုပ်ကိစ္စကပေါ်လာလို့"

သော့်ခါးကိုဖက်ကာ ဘယ်သွားကြမလဲဆိုပြီး
မ က မချိသွားဖြဲနဲ့ လာချော့နေတယ်။

"ရုပ်ရှင် ကြည့်မလား သော့်အကြိုက်ကာတွန်းကားတင်ထားတယ်လေ သွားကြည့်ရအောင်နော်"

မ က ရုပ်ရှင်ရုံဘက်ဦးတည်ကာ လမ်းလျှောက်
သည်။
သော့်လက်ကိုလည်း ဆုပ်ကိုင်ထားရင်းပေါ့။

"မ ပေးမယ် မပေးနဲ့"

ရုပ်ရှင်လက်မှတ်ဖိုးကို မ,က အတင်းဝင်ရှင်းတယ်။ လက်မှတ်ကိုင်ပြီး ခုံတန်းမှာ ထိုင်စောင့်နေတယ်။ မကတော့ မုန့်တွေဝယ်နှင့်နေတယ်။

မ အနောက်က အမျိုးသားတစ်ယောက်က မကို
စကားလှမ်းပြောနေတယ်။
သော်မျက်မှောင်ကြုတ်မိပြန်ပြီ။

မ က တစ်ချက်တစ်ချက်သော့်ဆီ
လှမ်းကြည့်တယ်။
အမြန်လာလို့ နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်တယ်။

သူမ သော့်နားထိုင်ထိုင်ချင်းပဲ မဆိုင်းမတွပဲ
မေးမိတယ်။

Blue SkyWhere stories live. Discover now