မြို့ပြရဲ့ညကတော့ မီးအရောင်ကြောင့်
လှပနေလိုက်တာ..လွမ်းဆွေးဆွေးလူတစ်ယောက်အဖို့
စိတ်အထိခိုက်ဆုံးမြင်ကွင်းတွေပေါ့ဟိုးအဝေးဆီကနေ ကားဟွန်းသံတွေ
အရေးပေါ်ကားအသံတွေ တစွန်းတစ
အရောင်တဖြတ်ဖြတ်နဲ့တရွေ့ရွေ့ပျံနေတဲ့
လေယာဉ်ရယ်...သော် ဝရံတာဘောင်ကို လျှောမှီလိုက်ပြီး
ဖုန်းscreenကိုကြည့်လိုက်တယ်
ည ၈နာရီထိုးတော့မယ်စာမေးပွဲကြောင့် မတွေ့ရတာ တစ်လခွဲကျော်
နေခဲ့ပြီ။ အခုတော့ မသက်တို့တိုက်ခန်းဝရံတာမှာ
သူမကိုတွေ့ဖို့စောင့်နေတယ်။ မသက်နဲ့အတူနေတဲ့အမနှစ်ယောက်တော့ အိမ်မှာရောက်နေပြီ။ပါတီရှိလို့ဆိုပဲ။
ဘာပါတီတွေများလဲ။
ဟူးး မျက်နှာကလေးတွေ့ချင်လို့ စောင့်နေတာကိုညကိုးနာရီထိုးခါနီးနေပြီ
ပြန်တော့မယ်။ဟိုအမနှစ်ယောက်ကိုနှုတ်ဆက်ကာ တိုက်ခန်းကနေထွက်ခဲ့တော့တယ်။
ကားတံခါးဖွင့်နေရင်း ကားတစ်စီးလာနေလို့ ကိုယ်ကိုယို့ကာကပ်လိုက်တယ်။
ကားကရှေ့ဆက်မသွားပဲ သော့်ကားနားတင်
ရပ်လိုက်သည်။ ကြည့်လိုက်တော့ မသက်ဆင်း
လာသည်။ မောင်းသူက ကိုလင်းထက်။ကိုလင်းထက်က ခေါင်းငြိမ့်နှုတ်ဆက်တာမို့ ခေါင်းငြိမ့်ကာပြန်နှုတ်ဆက်တယ်။ မသက်ကိုလည်း သူ နှုတ်ဆက်ပြီး
မောင်းထွက်သွားတယ်။သော် သူမရပ်နေတဲ့ ပလက်ဖောင်းဆီသွားလိုက်တယ်။
"သော် ဘာလို့ မ‚ဆီဖုန်းမဆက်တာလဲ
MD က ဒင်နာကျွေးလို့ တစ်ဖွဲ့လုံးသွား
ကြတာ စောင့်နေတာကြာပြီလား"သူမ တောင်းပန်တဲ့အကြည့်နဲ့ကြည့်ကာ
သော်ကိုပြောတယ်။"မကြာပါဘူး ၈နာရီကတည်းကစောင့်နေတာ
မ ကို လွမ်းလို့ တွေ့ဖို့သက်သက်စောင့်နေတာ"သူမ မျက်နှာလေးနီသွားပြန်တယ်။
သူမရဲ့လက်ကို ခပ်ဖွဖွလေး
ကိုင်ထားလိုက်ပြီး လွမ်းခဲ့ရသမျှ အတိုးချ
ကာ မျက်နာလေးကို ငေးနေလိုက်တယ်။