Part 2

2.3K 144 1
                                    

Unicode

အလှူအိမ်တက်ဓာတ်ပုံတွေပေးဖို့ Sunday မွန်းလွဲပိုင်း မသက်တို့တိုက်ခန်းထဲ မခိုင်နှင့်‌သော်တို့ ရောက်လာခဲ့သည်။

"တီးတောင်"

"ကဲ လာပါရှင် နေ့လည်စာကော စားပြီးပါလား
ဒီမှာစားလည်းရတယ်နော်"

မခိုင်က လက်ခါ ပြရင်း စားခဲ့ပြီးပြီး ဟု ပြန်ဖြေလေသည်။

သော်က မန်မိုရီစတစ်အား
မသက်ကိုထောင်ပြရင်း

"မသက်ကို ဘာနဲ့ကူးပေးရမလဲ သော်စတစ်ယူလာပေးတယ် ထားခဲ့ပေးရမလား။

ခဏ ဟုဆို သူမအိပ်ခန်းထဲဝင်သွားသည်။
အမဲရောင် Laptop တစ်လုံး သူမယူလာသည်။
သော့်ကို လှမ်းပေးရင်း

"ဒီထဲပဲ မသက်ကို ကူးပေးလို့ရလား"

"အိုခေ မသက်"

Laptop ကို ဧည့်ခန်းစားပွဲပေါ်တင်လိုက်သည်။
သော်ကတော့ ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။

"အယ် သော် ဆိုဖာ‌ပေါ်ထိုင်လေ အောက်မှာ အေးနေမယ်"

"ကဲ ထားလိုက်ပါ သက်ရယ်" ဟု မခိုင်ကပြော‌သည်။

"ကဲ ဒါဆို အအေးတိုက်မယ်။
လက်ဖက်ရှိတယ်။ သုပ်ပေးမယ်။
ခဏ‌စောင့်နော်" ဟု ပြောကာမီးဖို‌ဆောင်ဘက်
ဝင်ကာသွားလေသည်။

"ခိုင်လည်းကူလုပ်‌မယ်လေ"

မခိုင်ကပါ လိုက်သွားလေသည်။

နောက်ဖေးက‌နေ ရယ်သံ‌တွေခဏခဏကြားနေရသည်။နှစ်ယောက်သားဘာတွေသဘောကျနေလဲမသိ။

Photo File လေးတွေ သေချာအုပ်စုခွဲကာ
မန်မိုရီစတစ်ထဲကနေ Laptopထဲ ကူးနေခိုက်

"အမလေး Laptopထဲ ခေါင်းဝင်သွားပါ့မယ်
သော်ရဲ့ "

ဧည့်ခန်းထဲသို့ လက်ဖက်ပန်းကန်လေးကိုင်ပြီးဝင်လာရင်း မခိုင်က သော့်အားလှမ်းစလေသည်။

မသက်က အအေးခွက်လေးတွေထည့်ထားသော
ဗန်းကလေးကိုင်လာသည်။ သော့်နား တစ်ခွက်ချပေးရင်း

Blue SkyWhere stories live. Discover now