Part 8 (18+)

4.9K 177 0
                                    

"တကယ်ဆောရီးပါနော် သော်"

မ က မျက်နှာငယ်လေးနဲ့သော့်ကိုပြောတယ်။
ဝမ်းနည်းစိတ်က လှိုက်တက်လာတယ်။
အကြည့်တွေကို ရှေ့တည့်တည့်စားပွဲပေါ်လွှဲ
လိုက်တယ်။

"အလုပ်ကိစ္စပဲဟာ ဘာတတ်နိုင်မှာလဲ"

မဆီက သက်ပြင်းချသံကြားလိုက်ရတယ်။
မ ဘက်မျက်နှာချင်းဆိုင်လှည့်ထိုင်လိုက်ရင်း

"အေးဆေးသွားပါ ရပါတယ်"

စကားလုံးတွေ ရှေ့မဆက်နိုင်တော့။
ဒီမှာပဲ စကားတွေက တစ်ကုန်တယ်။

မ,က စင်ကာပူကိုအလုပ်ကိစ္စနဲ့ နှစ်ပတ်လောက်
ခရီးသွားရမှာ သော့်မှာတော့
ချစ်သူသက်တမ်းသုံးလပြည့်မို့
မနဲ့အတူကုန်ဆုံးချင်ခဲ့တာ
အခုတော့
စိတ်ကူးထားတာတွေအကုန်လွင့်ပျောက်ကုန်ပြီ

မ လက်ဖဝါးကိုခပ်ဖွဖွဆုပ်ကိုင်ထားမိတယ်။

မ က သော့်ကိုကြည့်ကာ

"အလုပ်ပြီးရင်တော့ ပြန်ခဲ့လို့ရတယ်"

"အာ မဟုတ်တာ မ,ကလည်း အလုပ်ကိစ္စကို
နော် သော့်အတွက် စိတ်မပူပါနဲ့
နောက်ရက်ရွှေ့လည်း လုပ်လို့ရတာပဲ"

သက်ပြင်းတိုးတိုးကလေးချလိုက်မိတယ်
မ ရယ် လွမ်းရတော့မှာပဲ

သူမကိုယ်လုံးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်
လိုက်ကာ ပုခုံးကိုငုံ့နမ်းလိုက်တယ်။

နောက် သူမ နှုတ်ခမ်းကို ဖိကပ်ကာ
နမ်းလိုက်တယ်
ခွဲရမယ့်ရက်တွေအတွက်ပေါ့ မ,ရယ်

                   **************

မ,ကိုတော့ အလုပ်အားမှ စာပို့ဖုန်းခေါ်ဖို့ပြောထားတာမို့ မ,မရှိတော့ သော်လည်း
အတော်အိမ်ကပ်ဖြစ်တယ်။

ဒါတောင်
မ,ကတော့ တဖွဖွမှာနေပါရဲ့
ကျောင်းကနေအိမ်တန်းပြန်ဖို့
Night out မလုပ်ဖို့ အပြင်သိပ်မထွက်ဖို့
စာလုပ်ဖို့ အချိန်မှန်မှန်အိပ်ဖို့

ကြည်နူးဖို့ကောင်းလိုက်လေ မရယ်
ချစ်ပြီးရင်း ချစ်လို့မဝ,တော့ဘူး
တွေးရင်းနဲ့လွမ်းလာပြီ😔

ကျောင်းပိတ်တဲ့ရက်ကျ မခိုင်တို့ဆီ ‌သောင်တင်ပြန်တယ်။ မခိုင်ကတော့ ရွှေမေတ္တာတွေပို့နေသည်။ မ မရှိတော့မှ လာဖော်ရတယ်ဆိုလို့။

Blue SkyWhere stories live. Discover now