Part 5

1.7K 138 2
                                    

Warning under 18 leave  !!!!!!!!😑






   သတိုးသားနဲ့သတို့သမီးကတော့ .. 
  ပျော်လို့ ပြုံးလို့

   သော်စိတ်ထဲပျော်တစ်ချက် ...
   ဝမ်းနည်းတစ်ချက်....

   မခိုင်တစ်ယောက်စွံသွားပြန်ပြီပေါ့။

    လည်ပင်းမှာတွဲလောင်းချိတ်ထားတဲ့ကင်မရာကို ပြန်ကိုင်ကာ ဓာတ်ပုံ ပြန်ရိုက်နေသည်။

ခန်းမတစ်နေရာအရောက်မှာတော့ သော့်ခေါင်းက ငြိမ်ချက်သားကောင်းသွားသည်။

     ကင်မရာနဲ့ သေချာချိန်ကာရိုက်လိုက်တယ်။

     မသက်က မြန်မာဝတ်စုံနဲ့ တအားလှနေတယ်။
ပြုံးနေ ရယ်နေလိုက်တာ ဟိုလူ လင်းထက်နဲ့တစ်ဝိုင်းတည်းထိုင်နေတာ မေ့နေတာကျလို့။

      သူမအကြည့်က သော့်ဆီရောက်လာတယ်။
သူမဆီကို လာခဲ့ဖို့ လက်ယပ်ကာ ခေါ်သည်။
ခေါင်းခါပြလိုက်သည်။
       သော် ကင်မရာကိုလက်ညှိးထိုးကာ မအားသေးဟု ပြန်ပြောလိုက်တယ်။ သူမက နှုတ်ခမ်းစူကာ စိတ်ကောက်ဟန်လုပ်ပြပါတယ်။
       မသွားချင်ပါဘူး။
      ဟိုလင်းထက်ဆိုတဲ့လူ ရှိနေလို့ကို မသွားချင်တာ..
    
                                 +++

    "Congratulations မခိုင်နဲ့ကိုထူး"

    "ကျေးဇူးတင်ပါတယ်"ဟု
    နှစ်ယောက်စလုံးကပြန်ပြောသည်။

"သူများက ချစ်ချစ်နဲ့ဖြစ်နေပြီဆိုတော့
  အရင်လို တပူးပူးတွဲတွဲ လှိမ့်လို့မရတော့ဘူးပေါ့  ဝမ်းနည်းတာ"
   
   "မနာလို ဖြစ်နေတယ် ကျန်း
     တွေ့လို့ရပါတယ်နော် အပိုတွေ သူဖြင့် သက်ရှိ
     နေသားနဲ့"

    "သူလည်း အားတော့မှာ ဟုတ်ပုံမရဘူး"
   
    သော် မသက်တို့ဝိုင်းဘက်ကိုမေးငေါ့ပြလိုက်သည်။ မခိုင်ကတော့ရယ်နေသည်။
   
    "သော်ပြန်တော့မှာလား မခိုင်တို့ဧည့်သည်နှစ်ယောက်ပို့ပေးလို့ရလား"

  "အိုခေလေ ရွှေကြိုးတော့လိုက်မတားတော့ဘူး"

  "အမလေး သိတတ်လိုက်တာနော် သော်
  သက်လည်းမေးကြည့်ပါလား
  ပြန်တော့မလားလို့"

Blue SkyWhere stories live. Discover now