Part 8
"Yibo!..ကလေး! "
Xiao Zhan အဖျားကြီးကာမေ့မြောနေပြီး တစ်ခါတစ်ခါ
ပါးစပ်က ကလေးကိုယောင်တာကြောင့် သတိရလာပြီးအထင်နဲ့ ခေါ်ကြည့်ပေမဲ့ နိုးမလာတာ သုံးရက်ဆက်တိုက်ရှီနေပြီဖြစ်သည်" အရုပ်လေး! "
Xiao Zhan နိုးလာတော့လက်ထဲကအရုပ်လေးမတွေ့တာနဲ့ ထထိုင်လိုက်သည်
"ကိုကိုနိုးလာပြီ "
"အရုပ်လေး..အရုပ်လေးရော "
"ကိုကို "
"အရုပ်လေးရော့လို့ "
ကိုကိုအော်သံကြောင့် ဖန်ရှင်းလန့်သွားကာ
"သူတော်စင်ယူသွားတယ် "
" ပြန်ယူပေး...ပြန်ယူပေး "
ဆေးပိုက်တွေဖြုတ်ကာ အော်နေတဲ့ ကိုကို့ကို ဖန်ရှင်းရော Yu Binရော မနည်းထိန်းရသည် နောက်ဆုံး ဆရာဝန်လာပြီး စိတ်ငြိမ်ဆေးထိုးမှ ပြန်အိပ်ပျော်သွားသည်
"ဒီပုံစံနဲ့ဆို ကိုကိုသွက်သွက်ခါခါရူးမှာပဲ "
" ခက်တာက သူတော်စင်ကိုဘယ်မှာရှာပြီး အရုပ်ဘယ်လိုပြန်ယူရမှာလဲမသိဘူး "
"မသိဘူးသွားရှာ..ရအောင်ပြန်ယူပေး အစ်ကို "
ငိုနေတဲ့ရှင်းလေးကို Yu Bin ဖတ်ပြီး နှစ်သိမ့်လိုက်သည်
" အစ်ကိုရအောင်ပြန်ယူပေးပါမယ် "
Yu Bin ရှင်းလေးကိုနှစ်သိမ်ပြီး အပြင်ထွက်ဖို့အောက်ဆင်းအလာ ဧည့်ခန်းထဲမှာထိုင်နေတဲ့ သူတော်စင်ကို
တွေ့ရသည်"သူတော်စင် ! "
သူတော်စင်သူ့ကိုပြုံးကြည့်ပြီး သူဘေးနားမှာထိုင်နေတဲ့ ကောင်လေးကို
" ကလေးလေး..ဒါမင်းအိမ်ပဲ "
"ဟုတ်ကဲ့..ဖိုးဖိုး "
"Yiboလား.."
အရုပ်လေးနဲ့ရော Yiboနဲ့ပါတူတဲ့ လူပေါက်စလေးကို Yu Bin ငေးကြည့်နေမိသည် သူမျက်စီမှားတဲ့အထင်နဲ့ အပေါ်ထပ်မြန်မြန်တက်ပြီး ဖန်ရှင်းလက်ကိုဆွဲခေါ်ကာ အောက်ထပ်ပြေးဆင်းလာပြီး ခေါ်ပြလိုက်သည်